ဂါဇာ၌ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇၃၂၆ ဦးအထိ သေဆုံး၊ ၁၈၉၆၇ ဦးဒဏ်ရာရရှိ

 

ဂါဇာ   အောက်တိုဘာ   ၂၇


ဂါဇာကမ်းမြောင်ဒေသ၌   အစ္စရေးတပ်ဖွဲ့၏   တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား သေဆုံးသူအရေအတွက်မှာ ၇၃၂၆ ဦးအထိ တိုးလာကြောင်း ဟားမားစ်ကျန်းမာရေးဝန်ကြီးဌာနက အောက်တို ဘာ ၂၇ ရက်တွင် ပြောကြားသည်။


တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစကာ ယခုအချိန်အထိ ပါလက် စတိုင်းနိုင်ငံသား ၁၈၉၆၇ ဦး ဒဏ်ရာရရှိပြီဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားသည်။ အောက်တိုဘာ ၇ ရက်မှ စကာ အစ္စရေးတပ်ဖွဲ့နှင့် မြို့များအား ဂါဇာဒေသကို ထိန်းချုပ်ထားသည့် ဟားမားစ် စစ်သွေးကြွများက အံ့အားသင့်ဖွယ် တိုက်ခိုက်ခြင်းကြောင့် အစ္စရေးက ကြီးမားသည့်လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။                      

ဆင်ဟွာ