အမေရိကန်နိုင်ငံ အရှေ့ပိုင်း မိန်းပြည်နယ်၌ သေနတ်ပစ်ခတ်မှုကြောင့် ၂၂ ဦးထက်မနည်း သေဆုံး

 

 ဝါရှင်တန်    အောက်တိုဘာ    ၂၆


အမေရိကန်နိုင်ငံအရှေ့ပိုင်း  မိန်းပြည်နယ်၌   သေနတ်ပစ်ခတ်မှုကြောင့်  ၂၂ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူပေါင်း   ၅၀ မှ  ၆၀  ကြားရှိသည်ဟု  သိရသည်။  အောက်တိုဘာ ၂၅ ရက် ဒေသစံတော်ချိန် ၇ နာရီ ဝန်းကျင် က အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူးဝစ်တန်  မြို့တွင်  ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 


ပြစ်မှုကျူးလွန်သူသည်  ဘိုးလင်းကစား ရာနေရာနှင့်   အနီးအနားရှိ   ဘားတစ်ခုတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အခြားသောနေရာများ တွင်လည်း ဆက်လက်ပစ်ခတ်ခဲ့သည်ဟုသိရ သည်။ ရိုင်ဖယ်သေနတ်ကိုင်ဆောင်ထားသည့် ပစ်ခတ်သူ၏ဓာတ်ပုံကို  ရဲများက ထုတ်ပြန်ခဲ့ သည်။   ၎င်း၏အမည်မှာ   ရောဘတ်ကတ်ဒ် ဖြစ်ပြီး အသက် ၄၀ ဝန်းကျင်ရှိသည်ဟု ဖော်ပြ ထားသည်။   ၎င်းကို   ရဲများကလိုက်လံရှာဖွေ နေပြီး   ပြည်သူများအနေဖြင့်  နေအိမ်တံခါး များ ပိတ်ထားကြပြီး နေအိမ်၌သာလုံလုံခြုံခြုံ နေထိုင်ကြရန်လည်း    ရဲတပ်ဖွဲ့က   ပြောသည်။  ဆေးရုံ၏အရေးပေါ်ဌာနတွင်   လုပ်သား ၂၀၀ က     ကူညီလုပ်ဆောင်ပေးနေပြီး    ၎င်းတို့ ထဲမှ   အများစုမှာ  စေတနာ့ဝန်ထမ်းအဖြစ်  လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ 


အင်န်အိတ်ချ်ကေ