
နေပြည်တော် အောက်တိုဘာ ၂၅
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ရောက်ရှိခဲ့ သော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ကုန်းတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီးဖြစ် သည်။
အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်း ရသည်။
ယခုသတင်းသည် အားအလွန် ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “ဟမွန်း” အတွက် ထုတ်ပြန် ပေးသည့် နောက်ဆုံးသတင်း ဖြစ်သည်။
မိုး/ဇလ