ဟားမားစ်စစ်သွေးကြွများ နောက်ထပ် ဓားစာခံနှစ်ဦးကို လွှတ်ပေး

 

ဂျေရုဆလင်  အောက်တိုဘာ  ၂၄ 


ဟားမားစ်   စစ်သွေးကြွများသည်  အောက်တိုဘာ    ၂၃    ရက်က နောက်ထပ်   ဓားစာခံ   နှစ်ဦးကို လွှတ်ပေးလိုက်သည်။     အစ္စရေး အမျိုးသမီး နှစ်ဦးကို လွှတ်ပေးခဲ့ ကြောင်း   ၎င်းတို့က  လူမှုမီဒီယာ ပေါ်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။ အီဂျစ်နှင့် ကာတာမှ အစိုးရအရာရှိ များသည် ဓားစာခံများ လွှတ်ပေး ရန်      ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အပြည်ပြည် ဆိုင်ရာ  ကြက်ခြေနီကော်မတီမှ အရာရှိများက ဓားစာခံများကို ဂါဇာ မှ ကယ်ထုတ်ရန် ကူညီခဲ့သည်။ 


စစ်သွေးကြွများသည် နောက် ထပ်   ဓားစာခံ   ၂၀၀    ကျော်ကို ဖမ်းဆီးခဲ့သည်။     လွန်ခဲ့သော သောကြာနေ့က နောက်ထပ်အမေ ရိကန်အမျိုးသမီး ဓားစာခံနှစ်ဦးကို  လွှတ်ပေးခဲ့သည်။ သံတမန်များက လူသားချင်း စာနာထောက်ထားမှု အဖြစ်   နောက်ထပ်ဓားစာခံများ ကို   ပိုလွှတ်ပေးရန်  တောင်းဆိုခဲ့ ကြသည်။ 


နောက်ထပ်   အကူအညီပေး ရေးယာဉ် ၅၀ ကျော်သည် စားနပ် ရိက္ခာ၊ ရေနှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး         ပစ္စည်းများ တင်ဆောင်လျက် အီဂျစ်နယ်စပ် ကို ဖြတ်ကျော်ပြီး ဂါဇာသို့ စနေ နေ့မှ တနင်္လာနေ့အထိ ဝင်ရောက် လာခဲ့သည်။

 သို့သော်လည်း ကုလ သမဂ္ဂအရာရှိများက  ဒေသခံများ အတွက်       လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တစ်နေ့လျှင် ကုန်တင်ယာဉ် ၁၀၀ ခန့်လိုကြောင်း ပြောသည်။      

အင်န်အိတ်ချ်ကေ