ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံသို့ သွားရောက်မည်

 

တိုကျို    အောက်တိုဘာ   ၂၁


ဂျပန်နိုင်ငံဝန်ကြီးချုပ်   ဖူမီယို ကီရှီဒါသည် ဖိလစ်ပိုင်နှင့် မလေးရှား နိုင်ငံသို့ နိုဝင်ဘာ ၃ ရက်မှစတင်၍ သုံးရက်ကြာခရီး  သွားရောက်ရန် စီစဉ်ထားသည်။ 


ခရီးစဉ်တွင်   နှစ်နိုင်ငံ    ခေါင်း ဆောင်များနှင့်    သီးခြားစီတွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားပြီး တရုတ် နိုင်ငံ၏       ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုများ တိုးမြှင့်လာချိန်တွင် လုံခြုံရေး   ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်   စီမံချက် များကို     အတည်ပြု    ဆွေးနွေး သွားဖွယ်ရှိသည်။ 


၎င်းတို့သည်   ဂျပန်အတွက် တရားဝင်    လုံခြုံရေးအကူအညီ မူဘောင်အသစ်နှင့်     သဘော ထားတူနိုင်ငံများသို့ ကာကွယ်ရေး ပစ္စည်းကိရိယာများနှင့်   အခြား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရန်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ယဉ်ကျေးမှုဖလှယ် ရေး      အစီအစဉ်များကိုလည်း ဆွေးနွေးဖွယ်ရှိသည်။


ဝန်ကြီးချုပ်     ကီရှီဒါသည် တိုကျို၌ ဒီဇင်ဘာလတွင် ကျင်းပ မည့် ဂျပန်နှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်းတို့ကြား  အထူး ထိပ်သီးအစည်းအဝေး   အောင်မြင် စွာကျင်းပနိုင်ရေးအတွက်  အကူ အညီ တောင်းရန်လည်း စီစဉ်ထား သည်။  

အင်န်အိတ်ချ်ကေ