
ဂျေရုဆလင် အောက်တိုဘာ ၂၁
အစ္စလာမ္မစ်အဖွဲ့ ဟားမားစ်က အမေရိကန်နိုင်ငံသား ဓားစာခံ နှစ်ဦးကို လွှတ်ပေးခဲ့ကြောင်း အောက်တိုဘာ၂၀ ရက်က ကြေညာ သည်။ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကြောင်း ပြချက်များဖြင့် မိခင်တစ်ဦးနှင့် သမီးဖြစ်သူကို လွှတ်ပေးလိုက် ကြောင်း ၎င်းတို့၏ ဆိုရှယ်မီဒီယာ တွင် ကြေညာချက်ထုတ်ပြန်သည်။
ကာတာနိုင်ငံမှ စေ့စပ်ညှိနှိုင်း ရေးမှူးများ၏ ကြိုးပမ်းမှုဖြင့် ဓားစာခံများ လွတ်မြောက်လာ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ဟားမားစ် စစ်သွေးကြွများ သည် လွန်ခဲ့သည့် သီတင်းနှစ်ပတ် အတွင်းက အစ္စရေးကို တိုက်ခိုက်ခဲ့ ရာမှ အရပ်သားများနှင့် နိုင်ငံခြား သားများအပါအဝင် အလွှာပေါင်းစုံ မှ ဓားစာခံ ၂၀၀ ကျော်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသည့် အမေ ရိကန်များ အိမ်ပြန်လာနိုင်ရေး လုပ်ဆောင်နိုင်သည့်လမ်းကြောင်း များအားလုံးအတိုင်း လုပ်ဆောင် မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောသည်။
ထို့ပြင် ဂါဇာကမ်းမြောင်ဒေသ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အခြေအနေများကို စိုးရိမ် ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောသည်။ ပါလက် စတိုင်းပြည်သူများသည် အစား အသောက်၊ ရေနှင့်ဆေးဝါးများ ပြတ်တောက်လုနီးနီး ဖြစ်နေပြီ ဖြစ်သည်။
အစ္စရေးနှင့် ဟားမားစ်တို့ ကြား တိုက်ပွဲများကြောင့် အောက်တိုဘာ ၇ ရက်မှစပြီး အစ္စရေးဘက်မှ အနည်းဆုံး လူ ၁၄၀၀ နှင့် ဂါဇာကမ်းမြောင်ဒေသမှ အနည်းဆုံး ၄၁၃၇ ဦး အပါအဝင် စုစုပေါင်း ၅၅၀၀ ကျော် သေဆုံး ခဲ့သည်။
အင်န်အိတ်ချ်ကေ