
နေပြည်တော် အောက်တိုဘာ ၂၀
လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ၏ အမှုဆောင်ကော်မတီ အစည်း အဝေး (၁/၂၀၂၃) ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လူမွဲခံယူ ခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေး ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယ စာရင်းစစ်ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်း အတွင်းဝန်နှင့် အမှုဆောင် ကော်မတီအဖွဲ့ဝင်များ တက် ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုစာရင်း စစ်ချုပ် ဒေါက်တာခင်နိုင်ဦးက လူမွဲခံယူခြင်းဆိုင်ရာလုပ်ငန်းစဉ် များကို ဥပဒေနှင့်အညီ စနစ်တကျ ထိရောက်စွာ ဆောင်ရွက်နိုင်စေ ရန်နှင့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ (Insolvency Practitioner-IP)များ၏ ကျင့်ဝတ် လိုက်နာမှုအပေါ် ထိန်းကျောင်း သည့် ယန္တရားတစ်ရပ် ပေါ်ပေါက် လာစေရန်ရည်ရွယ်၍ ယခုအစည်း အဝေးကို ကျင်းပရခြင်းဖြစ် ကြောင်း၊ အမှုဆောင်ကော်မတီဝင် များအနေဖြင့် ယနေ့ဆွေးနွေးမည့် အကြောင်းအရာများနှင့် စပ်လျဉ်း ၍ မိမိတို့၏အတွေ့အကြုံများဖြင့် ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေး ပေးကြစေလိုကြောင်းနှင့် လူမွဲ ခံယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များ လျင်မြန်သွက်လက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက်လည်း အားလုံးတက်ညီ လက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြစေလိုကြောင်း တိုက် တွန်း ပြောကြားသည်။
ထို့နောက် အမှုဆောင် ကော်မတီဝင်များက လူမွဲခံယူခြင်း ဆိုင်ရာကျွမ်းကျင်သူများအတွက် ပညာအရည်အချင်း၊ အတွေ့အကြုံ ကာလနှင့် ကျင့်ဝတ်ဆိုင်ရာများ သတ်မှတ်မှု၊ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရေးလုပ်ငန်းစဉ်ဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (SOP) ထုတ်ပြန်နိုင်ရေးကိစ္စ၊ မှတ်ပုံတင် လက်မှတ် လျှောက်ထားခြင်း အတွက် အခကြေးငွေသတ်မှတ်မှု စသည်တို့ကို ညှိနှိုင်းဆွေးနွေးကြ ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် က နိဂုံးချုပ်အမှာစကား ပြောကြား ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
သတင်းစဉ်