နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

 

နေပြည်တော်  အောက်တိုဘာ  ၂၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေး    ကောင်စီ အဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်နှင့်   ပို့ဆောင် ရေးနှင့်          ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး       ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံး (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး   ဦးရင်မောင်ညွန့်   အပါအဝင် ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီး ဌာန၊  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်   စက်မှု ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီး များ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်း မြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်နှင့်   ၁၈ ရက်တို့တွင်  ကျင်းပသော တတိယအကြိမ်       ရပ်ဝန်းနှင့်    ပိုးလမ်းမ  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဖိုရမ် (Third Belt and Road Forum for International Cooperation) သို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၉ရက် ညပိုင်းက  မြန်မာနိုင်ငံသို့  လေကြောင်း ခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်          တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊   မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ     သံရုံးမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ 


(၁၀) နှစ်ပြည့် အထိမ်းအမှတ်


တတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဖိုရမ်ကို အရည်အသွေးမြင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုကို  ဖော်ဆောင်၍ စီမံကိန်းတွင်      ပါဝင်သည့်     နိုင်ငံများ အားလုံး၏          ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ရန်နှင့်   ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက် ရေးအစီအစဉ် (Third Belt and Road Initiative) စတင်ခဲ့သည့် (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီးအရည်အသွေးမြင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုကို  ဖော်ဆောင်၍  နိုင်ငံများ အားလုံး၏        ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါစို့       (High-quality Belt and Road Cooperation: Together for Common Development and Prosperity) ခေါင်းစဉ်ဖြင့် ပြုလုပ် သည့် ယခုနှစ် Belt and Road ဖိုရမ်အား High-Level   Forum   on   Digital Economy ၊  High  Level  Forum  on Green Development နှင့် High Level Forum on Connectivity ဟူ၍ High-Level Forum (၃) ခုနှင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ (၆)ခုတို့ဖြင့် တစ်ပြိုင်တည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


တက်ရောက်ဆွေးနွေး 


ဒုတိယဝန်ကြီးချုပ်နှင့်  ပို့ဆောင်ရေး နှင့်      ဆက်သွယ်ရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ  ကိုယ်စား လှယ်အဖွဲ့သည် High-Level Forum on Digital Economy တက်ရောက်ဆွေးနွေး ခဲ့သည်။


ဖိုရမ်ဖွင့်ပွဲ          အခမ်းအနားကို အောက်တိုဘာ ၁၈ရက်  နံနက်ပိုင်းက China Great Hall ပြည်သူ့ခန်းမဆောင်၌ ကျင်းပပြီး   တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ    ရှီကျင့်ဖျင်    တက်ရောက် ဖွင့်လှစ်ပေးသည်။ 


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည်   China   National Convention Center (CNCC) ၌ ပြုလုပ် သည့် High-level Forum on Digital Economy သို့ တက်ရောက်ခဲ့သည်။ 


Digital   Economy   Forum  တွင် ချီလီနိုင်ငံ၊  အာဂျင်တီးနားနိုင်ငံ၊   ကွန်ဂို နိုင်ငံ၊   ကင်ညာနိုင်ငံ၊   ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊  နိုင်ဂျီးရီးယားနိုင်ငံ နှင့် ဂရိနိုင်ငံတို့မှ နိုင်ငံခေါင်းဆောင်တို့က ၎င်းတို့  နိုင်ငံအသီးသီးတွင်  ဒစ်ဂျစ်တယ် စီးပွားရေးနှင့်   ဒစ်ဂျစ်တယ်    ပြုပြင် ပြောင်းလဲမှု ဆောင်ရွက်နေသည့် အခြေ အနေများ၊ BRI စီမံကိန်းများတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်မည့် အခြေအနေများ နှင့်     ပြည်တွင်း   ဒစ်ဂျစ်တယ်အခြေခံ အဆောက်အဦများ   တည်ဆောက်ခြင်း တွင်   ပါဝင်ရင်းနှီးမြှုပ်နှံနိုင်မည့်   အခွင့် အလမ်းများကို Leaders Statement များ အဖြစ် ရှင်းလင်းပြောကြားကြသည်။ 


ယင်းဖိုရမ်တွင်  ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦးက “The Opportunities of Digital Economy for shared benefits and mutual learning” ခေါင်းစဉ်ဖြင့် BRI မိတ်ဖက်နိုင်ငံ ၁၅နိုင်ငံမှ ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာ  ဝန်ကြီးများနှင့်အတူ Speaker အဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။


မြန်မာကိုယ်စားလှယ်          အဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင် မောင်ညွန့်တို့သည် Thematic Session on People-to-people Bonds သို့လည်း ကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်   ဦးလှမောင်သိန်း   ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် High-Level Forum on Green Development သို့လည်းကောင်း တက်ရောက်ဆွေးနွေးခဲ့ ကြသည်။


ပူးတွဲကြေညာချက်ထုတ်ပြန် 


တတိယအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဖိုရမ်တွင်  “Beijing  Initiative on the   Belt  and  Road   International Digital Economy Cooperation” နှင့် “Initiative on International  Trade and    Economic    Cooperation Framework for Digital Economy and Green Development” ပူးတွဲကြေညာ ချက်တို့ကို ထုတ်ပြန်ခဲ့သည်။ 


အောက်တိုဘာ   ၁၇ ရက်က  စက်မှု ဝန်ကြီးဌာန   ဒုတိယဝန်ကြီး    ဦးရင် မောင်ညွန့်သည်  တရုတ်နိုင်ငံ  China Association  of   Science   and Technology  မှ   တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စက်မှုဝန်ကြီးဌာနမှ ဖွင့်လှစ် ထားသည့် သက်မွေးသင်တန်းကျောင်း တွင် လျှပ်စစ်ကားများ ပြုပြင်ထိန်းသိမ်းမှု ဆိုင်ရာ သင်တန်းများအတွက် သင်ကြား ရေးတွင်    ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်     သတ္တုဗေဒဆိုင်ရာ နှင့်   စက်မှုနည်းပညာကဏ္ဍ   ပူးပေါင်း ဆောင်ရွက်နိုင်မှု          အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။


အောက်တိုဘာ   ၁၇   ညပိုင်းတွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒုတိယဝန်ကြီးချုပ်နှင့်    ပြည်ထောင်စု ဝန်ကြီး    ဗိုလ်ချုပ်ကြီး    မြထွန်းဦးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်  ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်တို့သည် တတိယ အကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည် ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် အထိမ်းအမှတ်အဖြစ်   တရုတ်ပြည်သူ့ သမ္မတနိုင်ငံ   သမ္မတ   ရှီကျင့်ဖျင်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ သို့ တက်ရောက်ခဲ့ကြသည်။


ယခုကျင်းပသည့်  ဖိုရမ်တွင်  နိုင်ငံ ပေါင်း ၂၅နိုင်ငံမှ  နိုင်ငံတော်အကြီးအကဲ များ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ်နှင့် နိုင်ငံပေါင်း ၁၅၀မှ ဝန်ကြီးများ၊ အဆင့်မြင့်အရာထမ်း ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်း  ၃၀  ကျော်တို့မှ ကိုယ်စားလှယ်များနှင့်   ကျွမ်းကျင်သူ ပညာရှင်များ အပါအဝင် စုစုပေါင်း ၄၀၀၀ ခန့် ပါဝင်တက်ရောက်ကြောင်း သတင်း ရရှိသည်။                          

သတင်းစဉ်