ရေဦး၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

 

ရေဦး  အောက်တိုဘာ  ၁၉


ကျောင်းသား    ကျောင်းသူများ သီတင်းကျွတ်ကျောင်းပိတ်ရက် များတွင်  အချိန်ကို   အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ကျောင်းစာ အပြင် ပြင်ပဗဟုသုတများ ရရှိစေ ရန်ရည်ရွယ်ပြီး    ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများက  အောက်တိုဘာ ၁၉ ရက် နံနက် ၁၀ နာရီက အမှတ် (၂)   အခြေခံပညာအထက်တန်း ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင် ရေး   အသိပညာပေးဟောပြောပွဲ နှင့် စာအုပ်စာစောင်ပြပွဲ  ဆောင် ရွက်ခဲ့သည်။


ရှေးဦးစွာ        ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓာတ်ပုံကျွမ်းကျင်  (၂)  ဦးသန်း ထိုက်က   စာဖတ်ရှိန်မြင့်မားလာ ပြီး   စာကောင်းပေကောင်းများ ကို   လေ့လာရှာမှီးတတ်စေရန်၊ ကျောင်းသား    ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှု ခြင်းဖြင့် အသိဉာဏ်ပညာ  ဗဟု သုတများ တိုးပွားလာစေရန် “ငယ် စဉ်ဘဝနှင့် ပညာရေး” ခေါင်းစဉ် ဖြင့်   အသိပညာပေးဟောပြောခဲ့ သည်။ ထို့နောက်  စာအုပ်စာစောင် ပြပွဲကို   ဆက်လက်ပြုလုပ်ရာ  အခြေခံပညာမူလတန်း၊ အလယ် တန်း၊ အထက်တန်းကျောင်းသားကျောင်းသူများက သီတင်းကျွတ် ကျောင်းပိတ်ရက်ကာလ  စာပေ ဖတ်ရှုလေ့လာနိုင်ရန်   သုတ/ရသ စာအုပ်စာစောင်များ  ငှားရမ်းခဲ့ကြ ကြောင်း သိရသည်။


သန်းသန်း(ရေဦး)