မြေအောက်လမ်းကူးလူသွားဥမင် တည်ဆောက်ရန် မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ

 

ရန်ကုန်  အောက်တိုဘာ  ၁၉


ရန်ကုန်တိုင်းဒေသကြီး   အစိုးရ အဖွဲ့၏  ညွှန်ကြားမှုဖြင့် ရန်ကုန် မြို့တော်     စည်ပင်သာယာရေး ကော်မတီမှ ကြီးကြပ်ကွပ်ကဲမှုဖြင့် တည်ဆောက်မည့်     ဒဂုံမြို့နယ် ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် (အနောက်ဘက်မုခ်နှင့် ပြည်သူ့ ရင်ပြင်)      မြေအောက်လမ်းကူး လူသွားဥမင်   တည်ဆောက်ခြင်း မြေသန့်မင်္ဂလာအခမ်းအနားကိုယနေ့နံနံက်ပိုင်းက ကျင်းပသည်။


ဦးစွာ    အခမ်းအနားအား သာသနာ့ဓဇဓမ္မာစရိယ    ဘဒ္ဒန္တ သီရိန္ဒ ဒဂုံမြို့နယ် အလံပြကျောင်း ဆရာတော်ကြီး   အမှူးပြုသော ဆရာတော်၊   သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီး ချုပ် ဦးစိုးသိန်း၊  တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက နမောတဿ     သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ပြီး  အလံပြကျောင်း    ဆရာတော်ကြီးထံမှ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်အပေါင်းက    ငါးပါး သီလ ခံယူဆောက်တည်ကြသည်။


ထို့နောက်  တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့်  ဝန်ကြီးများက ဆရာတော်ကြီးနှင့်  သံဃာတော် အရှင်သူမြတ်များအား   လှူဖွယ် ဝတ္ထုပစ္စည်းများ     ဆက်ကပ် လှူဒါန်းကြပြီး   အလံပြကျောင်း   ဆရာတော်ကြီးထံမှ    ရေစက် သွန်းချ     အနုမောဒနာတရား နာကြား၍    အခမ်းအနားအား    ဗုဒ္ဓသာသနံ   စီရံတိဋ္ဌတု  သုံးကြိမ် ရွတ်ဆို၍  အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြသည်။


အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်     (Underpass) တည်ဆောက်ရခြင်းမှာ  ရွှေတိဂုံ စေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများ    သွားလာရာတွင် ယာဉ်အန္တရာယ်၊  လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် သက်သောင့် သက်သာ ဖြတ်သန်းသွားလာနိုင် ရန်နှင့် ခေတ်မီအခြေခံအဆောက် အအုံတစ်ခု  ထပ်မံပေါ်ပေါက်လာ စေရန် ရည်ရွယ်၍ တည်ဆောက် ခြင်းဖြစ်ကြောင်းနှင့် ဥမင်လူသွား လမ်းအကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉ လက်မ၊ ဝင်ထွက်ပေါက် လေးခု၊   ရွေ့လျားစက်လှေကား လေးစင်း၊ မသန်စွမ်းသူများ အသုံး ပြုရန် ဓာတ်လှေကား ၁၀ ယောက် စီး နှစ်စင်းနှင့် စီမံကိန်းကာလမှာ ၁၄ လ ခန့် ကြာမြှင့်မည်ဖြစ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ် ဈေးရောင်းပွဲ၊ မီးထွန်းပွဲနှင့်ဖျော်ဖြေ ရေးပွဲတော်များ   ကျင်းပနိုင်ရေး ပြင်ဆင်   ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း   သိရ သည်။

ဆန်းကျော်ဦး(ပြန်/ဆက်)