
နေပြည်တော် အောက်တိုဘာ ၁၉
နေပြည်တော် ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာ စဘတ် အစိုးရအဖွဲ့ဝင် ပြည်ပ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ Mr.Grigoriev Evgeny Dmitrie- vich ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ရှရှား နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံပြည်သူများ နားလည်မှု နှင့် ချစ်ခင်ရင်းနှီးမှုရှိစေရေး ကဏ္ဍ စုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေး၊ နှစ်နိုင်ငံအကြား စက်မှု ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်း၊ တန်ဖိုးမြှင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများနှင့် ဟိုတယ် နှင့် ခရီးသွားလာရေးကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်သွား မည့် အခြေအနေများ၊ လယ်ယာ အခြေပြု စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ များနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲအပြီးတွင် နေပြည် တော်ကောင်စီဥက္ကဋ္ဌနှင့် စိန့်ပီတာ စဘတ်အစိုးရအဖွဲ့ဝင် ပြည်ပ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ တို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ တက် ရောက်ကြသည်။
သတင်းစဉ်