နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

 

နေပြည်တော်  အောက်တိုဘာ  ၁၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ   စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင်   ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌  လာရောက်ဂါရဝပြုတွေ့ဆုံသည်။ 


တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ         ကောင်စီတွဲဖက် အတွင်းရေးမှူး      ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့်    နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသန်းဆွေနှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ တက်ရောက် ကြပြီး   ရုရှားဖက်ဒရေးရှင်းနိုင်ငံ     စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင်   ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich    နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ   တာဝန်ရှိသူများ    တက် ရောက်ကြသည်။


အမြင်ချင်းဖလှယ်ဆွေးနွေး


ထိုသို့တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ၊  ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍများအပြင်     အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ       ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊   အဆင့်မြင့်ပညာသင်ကြားရေးဆိုင်ရာများတွင်  အပြန်အလှန်ဖလှယ် ရေးကိစ္စရပ်များ၊  နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု များ  တိုးမြှင့်ရေးအတွက် ရုရှားနိုင်ငံ၌ ကောင်စစ်ဝန် ရုံးများဖွင့်လှစ်နိုင်ရေး       ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ဒေသရှိ မြို့တစ်မြို့နှင့်  မြန်မာနိုင်ငံရှိ  မြို့တစ်မြို့တို့အကြား  Sister Cities အဖြစ် ဆောင်ရွက်သွားမည့်အခြေအနေ များ၊       ယဉ်ကျေးမှုနှင့်    ဘာသာရေးဆိုင်ရာများ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာ       ကိစ္စရပ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွား ကဏ္ဍမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်  ပတ်သက် ၍ ရင်းနှီးပွင့်လင်းစွာဖြင့်  အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။ 


တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်