ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဘွဲ့B.Edစာပေးစာယူသင်တန်း အမှတ်စဉ် (၄/၂၃) ပထမနှစ် သင်တန်းသား သင်တန်းသူများအား ကြိုဆိုပွဲသို့တက်ရောက်

 

ပုသိမ်  အောက်တိုဘာ  ၁၇


ပညာရေးဘွဲ့B.Ed စာပေးစာယူ သင်တန်း   အမှတ်စဉ်   (၄/၂၃) ပထမနှစ်သင်တန်းသား  သင်တန်း သူများအား ကြိုဆိုပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး  ဘိုကလေးမြို့ ဘိုကလေးပညာရေး      ဒီဂရီ ကောလိပ်     ပညာဂုဏ်ရည်ခန်းမ ၌ ကျင်းပသည်။


စံနမူနာပြများဖြစ်


ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က အခြေခံပညာ(Grade-12) တက္ကသိုလ်ဝင်စာမေးပွဲကို  ယခင် နှစ်က အကြောင်းကြောင်းကြောင့် မဖြေဆိုဖြစ်ခဲ့သည့် ကျောင်းသား ကျောင်းသူများ၊  စာမေးပွဲကျရှုံးခဲ့ သူများအနေဖြင့်လည်း   ယခုနှစ် တွင်     ဝင်ရောက်ဖြေဆိုခွင့်များ ရရှိမည်ဖြစ်၍      ကျောင်းသား ကျောင်းသူများအားလုံး ဝင်ရောက် ဖြေဆိုနိုင်ရေးနှင့်    အောင်ချက် မြင့်မားရေးအတွက်  တက္ကသိုလ် များမှ ပါမောက္ခဆရာ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ ပူးပေါင်း၍ ဆွေးနွေး ပွဲများ      ပြုလုပ်လျက်ရှိကြောင်း၊ ဆရာ ဆရာမများသည် နာသုံးနာ ကို     အခြေခံ၍   ကျောင်းသား ကျောင်းသူများ၏ စွမ်းရည်သတ္တိ နှင့် ကိုယ်ရည်ကိုယ်သွေး ပြည့်ဝ စေရေးနှင့် လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမ  ပေးကြသူများဖြစ် သည်ကို   တွေ့နေရပါကြောင်း၊ ဆရာ ဆရာမများသည်  ကျောင်း သား ကျောင်းသူများ၏ စံနမူနာပြ များဖြစ်သဖြင့် ဝတ်စားဆင်ယင်မှု စနစ်တကျရှိရန်လည်း  လိုအပ်ပါ ကြောင်း၊        ယခုသင်တန်းသို့ တက်ရောက်လာသည့်   ဆရာ ဆရာမများအား            လေးစား အားထားပါကြောင်းနှင့်  ပညာ ပြည့်ဝ   နှလုံးလှ၍   ဗလငါးတန် နှင့်    ပြည့်စုံသော         ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင် သည့် စံနမူနာပြ ဆရာ ဆရာမများ ဖြစ်ကြပါစေကြောင်း ပြောကြား သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်ရာ  ဘိုကလေးပညာရေး    ဒီဂရီကောလိပ်  ကျောင်းအုပ်ကြီး က လက်ခံရယူသည်။ ဘိုကလေး ပညာရေး         ဒီဂရီကောလိပ်တွင်     ပညာရေးဘွဲ့ B.Ed   စာပေးစာယူ သင်တန်း အမှတ်စဉ်(၄/၂၃) ပထမ နှစ်   သင်တန်းသား   သင်တန်းသူ  ၃၅၇ ဦး၊  (၂/၂၂)  ဒုတိယနှစ် သင်တန်းသား     သင်တန်းသူ  ၃၄၃ ဦး   စုစုပေါင်း    ၇၀၀  တက်ရောက်လျက်ရှိကြောင်း သိရ သည်။


တိုင်းဒေသကြီး(ပြန်/ဆက်)