ပလက်ဝမြို့နယ်ရှိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

 

ပလက်ဝ အောက်တိုဘာ ၁၇


ချင်းပြည်နယ်  ပလက်ဝမြို့နယ် တွင် အသက် (၉)နှစ်မှ (၁၂) နှစ် ကြားရှိ ကျောင်းသူလေးများအား (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး   ထိုးနှံပေး ခြင်းကို ယနေ့နံနက်  ၉  နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌   စတင် ထိုးနှံပေးသည်။


အဆိုပါ ကာကွယ်ဆေး ထိုးနှံ ပေးရာတွင် မြို့နယ်ကျန်းမာရေး နှင့်          ကုသရေးဦးစီးဌာနမှူး ဒေါက်တာ  စန်းမာ  ဦးဆောင်ပြီး ကျန်းမာ‌ရေး     ဝန်ထမ်းများက မြို့ပေါ်ရှိ       အခြေခံကျောင်းများမှ  အသက် (၉)နှစ်မှ (၁၂) နှစ်ကြားရှိ ကျောင်းသူလေးများအား ထိုးနှံ ပေးခဲ့သည်။


ပလက်ဝ       မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေး ထိုးနှံပေးရန် ကျောင်းသူ ၅၉၀  အတွက်  ဆေးရရှိထားပြီး ပလက်ဝမြို့ပေါ်နှင့် လက်လှမ်းမီ      ကျေးရွာများသို့  ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း       သိရ သည်။    

      မြို့နယ်(ပြန်/ဆက်)