ဂြိုဟ်သိမ်ဘန်နူးမှ နမူနာများကို အမေရိကန်အာကာသအေဂျင်စီနာဆာ ပြသ

 

ဝါရှင်တန်  အောက်တိုဘာ    ၁၂


လွန်ခဲ့သည့်လအတွင်း ဂြိုဟ်သိမ် ဂြိုဟ်မွှားတစ်ခုမှ    ရရှိခဲ့သည့် နမူနာများကို      အမေရိကန် အာကာသ    အေဂျင်စီနာဆာမှ ထုတ်ဖော်ပြသခဲ့သည်။  


အဆိုပါနမူနာတွင်   ရေနှင့် ကာဗွန်ပါဝင်မှုရှိသည်ကို   ၎င်းတို့ ၏   သိပ္ပံပညာရှင်များက  တွေ့ရှိ ထားကြောင်းပြောသည်။ နာဆာ သည်    ဟူစတန်မြို့    ဂျွန်ဆင် အာကာသစင်တာတွင်  အမည်း ရောင်သဲများနှင့်    သေးငယ်သည့်  ကျောက်တုံးများပါဝင်သည့် နမူနာ အချို့ကို  အောက်တိုဘာ  ၁၁ ရက် တွင် လူသိရှင်ကြား ပြသခဲ့သည်။  


အာကာသ   စူးစမ်းလေ့လာ ရေးယာဉ်   OSIRIS-Rex  သည် ကမ္ဘာနှင့်အင်္ဂါဂြိုဟ်ကြား  လှည့် ပတ်နေသည့်   ဘန်နူးဂြိုဟ်သိမ် ပေါ်တွင်  ဆင်းသက်ခဲ့ပြီး  နမူနာ များကို စုဆောင်းခဲ့သည်။ နမူနာ များကို         သယ်ဆောင်လာ သည့်    အလုံပိတ်အခန်းငယ်ကို  အမေရိကန်အနောက်ပိုင်း   ပြည် နယ်  သဲကန္တာရတွင် အောက်တို ဘာလအတွင်းက    အောင်မြင် စွာ        ဆင်းသက်နိုင်ခဲ့သည်။ နာဆာက ၎င်းတို့၏သိပ္ပံပညာရှင် များသည်   ဂြိုဟ်သိမ်ဂြိုဟ်မွှားမှ ရရှိလာသည့်နမူနာများကို စူးစမ်း လေ့လာနေပြီး ပစ္စည်းမည်မျှပါဝင် ကြောင်းကို   မသိရသေးကြောင်း ပြောသည်။ 


ကမ္ဘာအနှံ့မှ သိပ္ပံပညာရှင်များ သည် အဆိုပါနမူနာပစ္စည်းများကို      လေ့လာရန်အတွက်  လာရောက်     ပူးပေါင်းကြမည်ဖြစ်သည်။ အဆိုပါ    နမူနာများကို    လေ့လာခြင်းဖြင့်   ကမ္ဘာပေါ်တွင် သက်ရှိများမည်သို့ ဖြစ်ပေါ်လာပုံနှင့် နေအဖွဲ့အစည်း ဖြစ်ပေါ်လာပုံ  အဖိုးတန်သဲလွန်စ များ   ရရှိမည်ဟု   မျှော်လင့်ထား သည်။           

အင်န်အိတ်ချ်ကေ