အစ္စရေး - ဟားမားစ် ပဋိပက္ခအတွင်း သေဆုံးသူ ၂၁၀၀ ထက်မနည်း ရှိလာ

 

ဂျေရုဆလင်  အောက်တိုဘာ  ၁၁


ဂါဇာကမ်းမြောင်နှင့် အနီးဝန်းကျင်တစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှု  အရှိန်မြင့်လာသည်နှင့်အမျှ အစ္စရေးနှင့် ပါလက်စတိုင်းအစ္စလာမ္မစ်အုပ်စု (ဟားမားစ်)  တို့အကြား  ဖြစ်ပွားသည့်  တိုက်ပွဲအတွင်း   သေဆုံးသူ ၂၁၀၀ ထက်မနည်းရှိလာကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 


အစ္စရေးက         ဂါဇာကမ်းမြောင်ဘက်သို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ   ပြုလုပ်နေသလို ဟားမားစ်တို့ကလည်း  အစ္စရေးဘက်သို့ ဒုံးကျည် များဖြင့် ဆက်လက်ပစ်လွှတ်တိုက်ခိုက်နေကြောင်း သိရသည်။  အစ္စရေးတပ်မတော်ဘက်က   ပဋိပက္ခ စတင်ဖြစ်ပွားသည့် စနေနေ့နောက်ပိုင်း အစ္စရေး ဘက်တွင် ၁၂၀၀  ထက်မနည်း  သေဆုံးကြောင်း ပြောသည်။  ထို့ပြင်   ပါလက်စတိုင်းကျန်းမာရေး အာဏာပိုင်များကလည်း  တိုက်ပွဲအတွင်း လူပေါင်း ၉၀၀ သေဆုံးကြောင်း ပြောသည်။ 


ဂါဇာကမ်းမြောင်သို့   လေကြောင်းတိုက်ခိုက်မှု တစ်ခုတွင်      ဟားမားစ်အကြီးတန်းအဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း      အောက်တိုဘာ   ၁၀  ရက် တွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က   ပြောသည်။  ထို့ပြင်   ကာကွယ်ရေးဝန်ကြီး  ယော့ဗ် ဂါလဲန့်က အစ္စရေးအနေဖြင့်   မြေပြင်ထိုးစစ်တစ်ခုဆင်နွှဲရန် ပြင်ဆင်နေကြောင်း အရိပ်အမြွက်ပြောသည်။ 


ဟားမားစ်အဖွဲ့အနေဖြင့် အစ္စရေးနိုင်ငံ တောင်ပိုင်း အက်ရှ်ခဲလ်အွန်မြို့နှင့်  နိုင်ငံ၏စီးပွားရေးအချက် အချာအကျဆုံး  တဲလ်အဗစ်မြို့တို့ကို လေကြောင်း တိုက်ခိုက်မှုအကြီးစား ပြုလုပ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက် နှောင်းပိုင်းတွင် ဟားမားစ် အဖွဲ့က သတိပေးပြောသည်။      

                                          
အင်န်အိတ်ချ်ကေ