အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း၌ ငလျင်လှုပ်မှုကြောင့် တစ်ဦးသေဆုံးပြီး ၁၁၆ ဦးဒဏ်ရာရ

ဟီရတ်  အောက်တိုဘာ  ၁၁


အာဖဂန်နစ္စတန်နိုင်ငံ   အနောက် ပိုင်း         ဟီရတ်ပြည်နယ်၌ အောက်တိုဘာ ၁၁ ရက်က  ငလျင် လှုပ်ခဲ့ရာ      တစ်ဦးသေဆုံးပြီး ၁၁၆     ဦး     ဒဏ်ရာရရှိခဲ့သည်ဟု ဟီရတ်ပြည်နယ်     သဘာဝဘေး စီမံခန့်ခွဲမှုကော်မရှင်     အဖွဲ့ဝင် တစ်ဦးကပြောသည်။ 
ထိုငလျင်ကြောင့်   ၁၁၆   ဦး    ဒဏ်ရာရရှိခဲ့ပြီး  တစ်ဦးသေဆုံးကာ ငါးဦးမှာ စိုးရိမ်ရသည့်  အခြေအနေ ရှိကြောင်း၊  ဒဏ်ရာရရှိသူများကို  ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း   မိုဟာမက်      အက်စ်အစ်ဖ်ကာ  ဘီယာ  က ပြောသည်။


သေဆုံးသူ     ဦးရေမှာလည်း တိုးလာနိုင်သေးကြောင်း    ၎င်းက ဆက်ပြောသည်။ အောက်တိုဘာ ၁၁ ရက် နံနက်  ၅ နာရီ ၁၁ မိနစ် က  ဟီရတ်ပြည်နယ်၌   ပြင်းအား ၆  ဒသမ  ၃   အဆင့်ရှိ   ငလျင် လှုပ်ခဲ့သည်။ 


ပြီးခဲ့သည့်   စနေနေ့ကလည်း ဟီရတ်နှင့်အိမ်နီးချင်း  ဘတ်ဟစ် နှင့်  ဖာရာပြည်နယ်တို့၌ ငလျင် နှစ်ခုကြောင့် လူပေါင်း ၂၀၀၀  ကျော်     သေဆုံးခဲ့ပြီး      ထောင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။        

ဆင်ဟွာ