
နှင်းမိုးအိမ်
ဗြိတိန်ဝန်ကြီးချုပ်ရစ်ရှီဆူနက်ကတော့ ဆေးလိပ်သောက်နိုင်တဲ့ အသက် အရွယ်ကို နှစ်စဉ်နှစ်တိုင်းလိုလို တိုးတိုး ထားပါတယ်။
ဒါကြောင့် ၂၀၀၈ နောက်ပိုင်းမှာ မွေး တဲ့ ကလေးတွေဆိုရင် ၎င်းတို့အရွယ် မရောက်မချင်း ဆေးရွက်ကြီးထုတ်ကုန် ပစ္စည်းတွေကို တရားဝင် ဝယ်ယူနိုင်မှာ မဟုတ်သေးပါဘူး။
ဆေးလိပ်မီးခိုးငွေ့ကင်းစင်တဲ့ မျိုးဆက်
ဆေးလိပ်မီးခိုးငွေ့ ကင်းစင်တဲ့ မျိုးဆက်အဖြစ် ဗြိတိန်မှ စံနမူနာအဖြစ် ဖန်တီးဖို့ အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီ ညီလာခံမှာ ဗြိတိန်ဝန်ကြီးချုပ်က သူ့ရဲ့ အတွေးအခေါ်ကို ဖော်ပြခဲ့တာပဲဖြစ်ပါ တယ်။
“ဆေးလိပ် သောက်ခြင်းကြောင့် အရွယ်မတိုင်မီ သေဆုံးခြင်းကိုလည်းတားဆီးနိုင်မှာဖြစ်ပြီး ယခုမူဝါဒအရ ဆိုရင် အသက် ၁၄နှစ်အရွယ် ကလေး တစ်ယောက်ကို ဆေးလိပ်ရောင်းချခွင့် ရှိမှာမဟုတ်ပါဘူး” လို့ ပရိသတ်များ ရှေ့မှာ ဆူနက်က ယခုလိုပြောကြားခဲ့ပါ တယ်။
လက်ရှိ အချိန်မှာတော့ ဗြိတိန် နိုင်ငံမှာအသက် ၁၈ နှစ်ပြည့်ပြီးမှသာ ဆေးလိပ်ဝယ်ယူခွင့်ရရှိပါတယ်။
ရာသက်ပန်ပိတ်ပင်ဖို့စဉ်းစားနေ
အခုလို အဆိုတင်သွင်းခြင်းဟာ ဆေးရွက်ကြီးနဲ့ ဆေးရွက်ကြီးအစားထိုးသောက်သုံးမှုတွေကို တစ်ကမ္ဘာလုံး ဆိုင်ရာ နှိမ်နင်းမှုအသစ်တစ်ခုလို့လည်းပြောလို့ရပါတယ်။
နယူးဇီလန်နိုင်ငံမှာတော့ ပြီးခဲ့တဲ့ နှစ်အတွင်းက ၂၀၀၈ ခုနှစ် နောက်ပိုင်း မွေးဖွားတဲ့ ကလေးတွေကို ဆေးလိပ် ရောင်းချမှုပိတ်ပင်တဲ့ ဥပဒေကို ပြဋ္ဌာန်းခဲ့ပေမယ့် အခုထိတော့ အသက် မဝင်သေးပါဘူး။
ဩစတြေးလျနိုင်ငံဟာလည်း ဆေး လိပ်အစားထိုး နီကိုတင်းမပါတဲ့ ထုတ်ကုန်တွေရောင်းချမှုကို နှိမ်နင်းဖို့ အစီအစဉ်တစ်ရပ်ကို ထုတ်ဖော်ပြသခဲ့ ပါတယ်။
အလားတူ ဟောင်ကောင်မှာ ဆိုရင် လည်း အနာဂတ်မျိုးဆက်သစ် လူငယ် တွေအတွက် ဆေးရွက်ကြီးကို ရာသက်ပန် ပိတ်ပင်သွားဖို့ စဉ်းစားနေ တယ်လို့သိရပါတယ်။
လုံးဝရပ်တန့်လိုက်နိုင်မယ်
အမေရိကန် ပြည်ထောင်စုမှာဆိုရင် ယခုနှစ်အတွင်း အီး-စီးကရက် ထုတ်ကုန် ပေါင်း ၆၅၀၀ ကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ပိတ်ပင်ထား ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာဆိုရင် ဆယ်စုနှစ် နှစ်စုစာအတွင်း ဆေးရွက်ကြီးကုန် ပစ္စည်းရောင်းချရမှု တိုးလာတဲ့အတွက် menthol စီးကရက် ရောင်းချရမှုကို တားမြစ်ဖို့ အေဂျင်စီကနေကြေညာခဲ့ ပါတယ်။
ဥပဒေသစ်ကို ပါလီမန်ကသာ ထောက်ခံမယ်ဆိုရင် ၂၀၄၀ ပြည့်နှစ် အရောက်မှာတော့ လူငယ်တွေကြား ဆေးလိပ်သောက်မှုကို လုံးဝရပ်တန့် လိုက်နိုင်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
ဆေးလိပ်ကြောင့်လူပေါင်း ၆၄၀၀၀ သေဆုံး
အင်္ဂလန်မှာဆိုရင် နှစ်စဉ်နှစ်တိုင်း ဆေးလိပ်ကြောင့် လူပေါင်း ၆၄၀၀၀ သေဆုံးပါတယ်။ ဆေးလိပ်ကြောင့် ကုန်ကျရတဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု စရိတ်၊ အရွယ်မတိုင်မီ သေဆုံးမှုတွေကြောင့် ခန့်မှန်းခြေအား ဖြင့် နှစ်စဉ် ၂၀ ဒသမ ၇ ဘီလီယံကုန်ကျ တယ်လို့ အစိုးရက ပြောပါတယ်။
အခု မူဝါဒဟာဆိုရင် အဆင့်ဆင့် ချဉ်းကပ် ပြောင်းလဲသွားမှာဖြစ်ပြီး လက်ရှိ ဆေးလိပ်သောက်သုံးနေတဲ့သူ တွေကို ရာဇဝတ်မှုကျူးလွန်သူလို ဆက်ဆံသွားမှာမဟုတ်ဘူးလို့ ဗြိတိန် အစိုးရအဖွဲ့က ပြောပါတယ်။
နောက်ထပ်ကန့်သတ်မှုတွေ ပြုလုပ်ဖို့မျှော်လင့်ထား
လက်ရှိ ဆေးလိပ်သောက်နေတဲ့ သူတွေရဲ့ အခွင့်အရေးကို ရုတ်တရက်ဆွဲ ယူလိုက်ခြင်းဟာ မျှတတဲ့ လုပ်ရပ် မဟုတ်ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါပေမယ့်လည်း ကျွန်တော်တို့ အပါအဝင်လက်ရှိ ဆေးလိပ်သောက်နေ တဲ့ လူတွေတောင်မှ သူတို့ရဲ့ကလေးတွေ ကို ဆေးလိပ်သောက်သုံးသူတွေအဖြစ် ကြီးပြင်းလာကြမှာကို လိုလားမှာ မဟုတ်ဘူးလို့ ၎င်းက ဆက်ပြောပါ တယ်။
ကလေးငယ်များ ဆေးလိပ် ထုတ်ကုန်တွေကို မစွဲလမ်းစေဖို့အတွက် ဆေးလိပ်တု ထုတ်ကုန်တွေအပေါ် နောက်ထပ်ကန့်သတ်မှုတွေ ပြုလုပ် သွားဖို့မျှော်လင့်ထားတယ်လို့ အစိုးရ အရာရှိများက ပြောပါတယ်။
မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်
ဗြိတိန်ဝန်ကြီးချုပ်ရဲ့ မူဝါဒဟာ အင်္ဂလန်မှာပဲ အသုံးပြုသွားမှာဖြစ်ပြီး ဗြိတိန်ရဲ့အခြားသောအစိတ်အပိုင်းတွေဖြစ်ကြတဲ့ မြောက်အိုင်ယာလန်၊ စကော့ တလန်နဲ့ ဝေလနယ်တွေမှာတော့ ၎င်းတို့ရဲ့ ကိုယ်ပိုင်ကျန်းမာရေးစောင့် ရှောက်မှုစနစ်အတိုင်းပဲ ဆက်သွားမှာ ဖြစ်ပါတယ်။
ဆူနက်ရဲ့ မှတ်ချက်တွေကြောင့် ဆေးရွက်ကြီး ထုတ်လုပ်သူတွေဆီက တုံ့ပြန်မှုတွေ ထွက်ပေါ်လာပါတယ်။ Davidoff နဲ့ Winston တို့လို နာမည်ကျော်စီးကရက်တွေရောင်းချတဲ့ Imperial Brands ဆေးရွက်ကြီး ကုမ္ပဏီ ကတော့ ဆူနက်ရဲ့ အဆိုပြုမှုကနေ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
ဆေးလိပ်အစားထိုးအီး-စီးကရက် ကို လူငယ်များ သောက်သုံးခြင်းကို တားမြစ်နိုင်ရေးအတွက်လည်း အစိုးရနဲ့ ပူးပေါင်းကာ ထိရောက်တဲ့မူဝါဒတွေ ဖန်တီးသွားဖို့ ဆက်လက်လုပ်ဆောင်မယ် လိုလည်း ဆက်ပြောပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့် ရှစ်သန်းကျော် သေဆုံးနေရ
တစ်ကမ္ဘာလုံးအနှံ့ဆိုရင် ဆေးရွက် ကြီးသောက်သုံးမှုကြောင့် နှစ်စဉ်လူဦးရေ ရှစ်သန်းကျော် သေဆုံးနေရပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ပြောကြား ချက်အရ သိရပါတယ်။
မကြာသေးမီနှစ်တွေ အတွင်းမှာ တော့ အထူးသဖြင့် ချမ်းသာတဲ့နိုင်ငံ တွေမှာ ဆေးလိပ်သောက်သုံးမှုဟာ ကျဆင်းလာပါတယ်။
ဒါပေမယ့်လည်း ဆေးလိပ်သောက် သုံးမှုကြောင့် သေဆုံးသူကတော့ နှစ်စဉ် ရှစ်သန်းကျော် ရှိနေဆဲပါပဲ။ ကမ္ဘာအနှံ့ ဆေးလိပ်သောက်သုံးသူ ၁ ဒသမ ၃ ဘီလီယံကျော် ရှိတဲ့အထဲမှာ ၈၀ ရာခိုင်နှုန်းမှာ ဝင်ငွေ အလယ် အလတ်နှင့် ဝင်ငွေနိမ့်သည့် နိုင်ငံများမှ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါ တယ်။
ဆေးလိပ်သောက်သုံးမှုကျဆင်းလာ
အမေရိကန် ပြည်ထောင်စုမှာ ၂၀၀၀ ပြည့်နှစ်က အရွယ်ရောက်ပြီးသား ဆေးလိပ်သောက်သုံးသူ ၃၄ ရာခိုင်နှုန်း ရှိပြီး ၂၀၂၀ ပြည်နှစ်မှာတော့ ၂၃ ရာခိုင် နှုန်းသို့ ကျဆင်းသွားတယ်လို့ စာရင်း အချက်အလက်များအရ သိရပါတယ်။
ဗြိတိန်နိုင်ငံမှာလည်း ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်စုစာက အရွယ်ရောက် ပြီးသား ဆေးလိပ်သောက်သူ ၃၈ ရာခိုင်နှုန်းရှိရာကနေ ယခုအခါ ၁၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားတယ်လို့ သိရပါတယ်။
ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ မှာလည်း ဆေးလိပ်သောက်သုံးသူ အရေ အတွက်ဟာ ၂၀၀၀ ပြည့်နှစ်ကနှင့် နှိုင်း ယှဉ်ရင် ကျဆင်းသွားတယ်လို့ သိရပါ တယ်။ နော်ဝေးနိုင်ငံမှာတော့ ၂၀၀၀ ပြည့် နှစ်က ဆေးလိပ်သောက်သုံးသူ ၄၄ရာခိုင် နှုန်းရှိရာကနေ ၂၀၂၀ ပြည့်နှစ်မှာတော့ ၁၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားပါတယ်။
ကိုးကား - သည်ဝါရှင်တန်ပို့စ်