အမေဇုံက အင်တာနက်ကွန်ရက် တည်ထောင်ရန် စမ်းသပ်ဂြိုဟ်တု လွှတ်တင်

 

ဖလော်ရီဒါ အောက်တိုဘာ ၇


အမေရိကန်နည်းပညာကုမ္ပဏီကြီးဖြစ်သည့်  အမေဇုံသည် လာမည့် နှစ်ကုန်ပိုင်းတွင် အင်တာနက်ဝန်ဆောင်မှုကို ထောက်ပံ့ပေးရန် ရည်ရွယ် ချက်ဖြင့် စမ်းသပ်ဂြိုဟ်တုနှစ်လုံးကို လွှတ်တင်ခဲ့သည်။ ဂြိုဟ်တုများ ကို တင်ဆောင်လာသည့် ဒုံးပျံကို အမေရိကန် တောင်ပိုင်းပြည်နယ် ဖလော်ရီဒါမှ  အောက်တိုဘာ ၆ ရက်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လွှမ်းခြုံမှုနှင့် ဆက်သွယ်မှုကွန်ရက် တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ထားသည့်အမေဇုံကုမ္ပဏီ၏ စီမံကိန်း တစ်ခုလည်းဖြစ်သည်။


၂၀၂၉ ခုနှစ်အရောက်တွင် ကမ္ဘာမှ ၆၀၀ ကီလိုမီတာခန့်အကွာရှိ ကမ္ဘာပတ်လမ်းကြောင်းအတွင်း ဂြိုဟ်တု အလုံးရေ ၃၂၀၀ ဝန်းကျင် ထားရှိရန် အမေဇုံမှ စီစဉ်ထားသည်။ အီလွန်မက်စ်၏ Space X ကုမ္ပဏီ သည် မြန်နှုန်းမြင့်သည့်အင်တာနက်ကွန်ရက်ရှိပြီး ဂြိုဟ်တုအလုံးရေ ၅၀၀၀ ကျော်ကို လွှတ်တင်ထားပြီးဖြစ်သည်။ ပြင်သစ်နိုင်ငံ၏ Eutelsat  အုပ်စုသည်လည်း ဂြိုဟ်တုအလုံးရေ ၆၀၀ ကျော်ကို လွှတ်တင်ထားပြီး ဖြစ်သည်။  အမေဇုံ၏ အင်တာနက်ကြိုးပမ်းမှုသည် ပြိုင်ဆိုင်မှုပြင်းထန် မည်ဟု မျှော်လင့်ရသည်။                                    

အင်န်အိတ်ချ်ကေ