အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှု ပါလက်စတိုင်း ၁၉၈ ဦးထက်မနည်း သေဆုံး

 

ဂါဇာ   အောက်တိုဘာ   ၇


ဂါဇာကမ်းမြောင်ဒေသမှနေ၍  အစ္စရေးနိုင်ငံအတွင်း သို့  ဒုံးကျည်များ    ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု  အစ္စရေးတပ်ဖွဲ့က အောက်တိုဘာ ၇ ရက်တွင် ပြော သည်။ 


အစ္စရေးတို့၏ အားလပ်ရက် နံနက် ၇ နာရီတွင် ရုတ်တရက်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အောက်တိုဘာ ၇ ရက်  နံနက်ပိုင်းမှ   စတင်ကာ  ဟားမားစ်တို့၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၀၀  ကျော် သေဆုံးကာ ၉၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ အစ္စရေးတို့ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီး နှစ်နာရီအကြာတွင် ဂါဇာကမ်းမြောင်ဒေသကိုပစ်မှတ်ထားကာ အစ္စရေး လေတပ်မှ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ 


အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၉၈  ဦးထက်မနည်း  သေဆုံးကာ ၁၆၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ကျန်းမာရေး ဆိုင်ရာ    သတင်းရင်းမြစ်များက  အောက်တိုဘာ ၇ ရက်တွင် ပြောသည်။


ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားသည့် ဟားမားစ်အဖွဲ့မှာ    တိုက်ခိုက်မှုနောက်ကွယ်တွင် ရှိပြီး ပါလက်စတိုင်းတို့၏လှုပ်ရှားမှုအတွက် ပြန်လည် ပေးဆပ်ရမည်ဟုလည်း အစ္စရေးတပ်ဖွဲ့က ကြေညာခဲ့ သည်။  ဟားမားစ်ခေါင်းဆောင်  တစ်ဦးဖြစ်သည့် မိုဟာမက် အယ်ဒီအစ်ဖ် က စစ်ဆင်ရေး၏အစပင်ဖြစ် သည်ဟု  အောက်တိုဘာ  ၇ ရက် နံနက်ပိုင်းတွင် ကြေညာခဲ့သည်။ 


မကြာသေးမီ သီတင်းပတ်များအတွင်း နယ်စပ် တွင် ဆန့်ကျင်ဆန္ဒပြမှုများပေါ်ပေါက်ခဲ့ပြီး  တာယာ များကိုမီးရှို့ခြင်းနှင့် ပေါက်ကွဲစေတတ်သည့်ပစ္စည်း များကို အစ္စရေးတပ်ဖွဲ့ဝင်များထံ ပစ်ပေါက်ခြင်းတို့ပြုလုပ်ခဲ့ကြသည်။  

ဆင်ဟွာ