
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ မြေပဲလုံးဆန် (နီ၊ဖြူ) များ စက်တင်ဘာလ (တတိယပတ်) မှစတင်၍ ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ (နောက်ဆုံးပတ်)တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ မြေပဲလုံးဆန်(နီ)တစ်တင်းလျှင် ကျပ် ၁၀၈၈၀၀ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုအနေဖြင့် တင်း ၇၅၀ (တန်အားဖြင့် ၁၇ တန်)၊ မြေပဲလုံးဆန် (ဖြူ) တစ်တင်းလျှင် ကျပ် ၁၀၈၈၀၀ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ် ဖြစ်မှုအနေဖြင့် တင်း ၄၂၀၀ (တန်အားဖြင့် ၉၆ တန်) အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ (တတိယပတ်) နှင့် စက်တင်ဘာလ (နောက်ဆုံးပတ်) အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများ နှိုင်းယှဉ်ပါ က စက်တင်ဘာလ (တတိယပတ်) တွင် မြေပဲလုံးဆန် (နီ)တစ်တင်းလျှင် ကျပ် ၁၁၂၀၀၀ နှင့် မြေပဲလုံးဆန် (ဖြူ) တစ်တင်းလျှင် ကျပ် ၁၀၇၂၀၀ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။
DOCA (စစ်ကိုင်း)