(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နဂါးလှေလှော်ပြိုင်ပွဲက ကြေးတံဆိပ်တစ်ခုထပ်မံဆွတ်ခူးရရှိ

 

နေပြည်တော်  အောက်တိုဘာ   ၆


တရုတ်ပြည်သူ့    သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲများကို  သတ်မှတ်နေရာများ ၌  ကျင်းပလျက်ရှိပြီး ယနေ့ ဒေသ စံတော်ချိန်  နံနက်  ၉   နာရီတွင် ဝမ်ကျိုးမြို့    Wenzhou Dragon Boat Center  ၌  နဂါးလှေလှော် (Dragon Boat)    အမျိုးသား၊ အမျိုးသမီး မီတာ  ၁၀၀၀   (၁၂)တက်လှော်ပြိုင်ပွဲများကို ဆက်လက် ကျင်းပရာ   မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အထွေထွေ အတွင်းရေး မှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန        ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့များ တက်ရောက်အားပေးသည်။


အမျိုးသား မီတာ ၁၀၀၀ (၁၂)တက်လှော်ပြိုင်ပွဲ         ပွဲစဉ်တွင် ပြိုင်ပွဲဝင် (၁၁) သင်း   ဝင်ရောက် ယှဉ်ပြိုင်ရာ  အင်ဒိုနီးရှားအသင်းက ပထမ၊ တရုတ်အသင်းက  ဒုတိယ နှင့်   မြန်မာအသင်းက  တတိယ ရရှိခဲ့ပြီး မြန်မာ(အမျိုးသား) အသင်း သည်          မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကို    ဆွတ်ခူးရယူ ပေးနိုင်ခဲ့သည်။


ထို့အတူ   အမျိုးသမီး   မီတာ ၁၀၀၀  (၁၂)တက်လှော်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်    ရှစ်သင်းဝင်ရောက် ယှဉ်ပြိုင်ရာ      တရုတ်အသင်းက ပထမ၊     အင်ဒိုနီးရှားအသင်းက ဒုတိယနှင့် တောင်ကိုရီးယားအသင်း က   တတိယရရှိခဲ့ကြပြီး   မြန်မာ အသင်းက အဆင့် (၆) နေရာ ရရှိခဲ့ သည်။


ဒေသစံတော်ချိန် နံနက် ၉ နာရီ တွင် ကျင်းဟွာမြို့ Jinhau Sports Center ၌ ကျင်းပသည့် ပိုက်ကျော် ခြင်းပြိုင်ပွဲ အမျိုးသားသုံးယောက် တွဲ    အုပ်စုပွဲစဉ်အဖြစ်   မြန်မာ အသင်းနှင့်    အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ   မြန်မာ အသင်းက နှစ်ပွဲပြတ်ဖြင့်   လည်း ကောင်း၊   နံနက် ၁၀ နာရီတွင် အမျိုးသမီး  သုံးယောက်  အုပ်စု ပွဲစဉ်အဖြစ်    ထိုင်းအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ထိုင်းအသင်းက နှစ်ပွဲပြတ် ဖြင့်လည်းကောင်း   အနိုင်ရရှိကြ သည်။


မြန်မာပိုက်ကျော်ခြင်း  အမျိုး သား သုံးယောက်တွဲအသင်းသည် အုပ်စုပတ်လည်     ပြိုင်ပွဲတွင် လေးသင်းတစ်အုပ်စုဖြင့်    သုံးပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ   တစ်ပွဲနိုင် နှစ်ပွဲရှုံးဖြင့်          လည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲအသင်း သည်    အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် သုံးသင်း တစ်အုပ်စုဖြင့် နှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ပွဲလုံး ရှုံးနိမ့်သည့်အတွက်        မြန်မာ အမျိုးသား၊  အမျိုးသမီး အသင်း အနေဖြင့် အုပ်စုအဆင့်မှ  ထွက်ခဲ့ရ သည်။


(၁၉)ကြိမ်မြောက်   အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မှ အားကစားနည်း  ခုနစ်နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး    ယနေ့ အထိ  ရွှေတံဆိပ်တစ်ခု၊   ကြေး တံဆိပ်နှစ်ခု စုစုပေါင်း ဆုတံဆိပ် သုံးခုရရှိထားပြီးဖြစ်ကြောင်း သိရ သည်။ 

သတင်းစဉ်