နျူကလီးယားရေငုပ်သင်္ဘောအချက်အလက်များကို နိုင်ငံခြားသားတစ်ဦးထံ မျှဝေပေးခဲ့သည်ဟု အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် စွပ်စွဲခံရ

 

ဝါရှင်တန်     အောက်တိုဘာ    ၆


အမေရိကန်သမ္မတဟောင်း    ဒေါ်နယ်ထရမ့်သည် ၂၀၂၁ခုနှစ် ဧပြီလတွင် အိမ်ဖြူတော်မှ ထွက်ခွာပြီး နောက် အမေရိကန်နျူကလီးယားရေငုပ်သင်္ဘောများအကြောင်းကို ဩစတြေးလျစီးပွားရေးလုပ်ငန်း ရှင်တစ်ဦးထံ   မျှဝေပေးခဲ့သည်ဟု    စွပ်စွဲခံထားရ သည်။ 


ထရမ့်၏ Mar-a- Lago  အိမ်ရာတွင် ဩစတြေးလျ နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်နှင့်    တွေ့ဆုံစဉ် အရေးကြီးသည့်အချက်အလက်များကို ထုတ်ဖော် ပြောကြားခဲ့သည်ဟု  အေဘီစီရုပ်သံတွင် အောက်တို ဘာ ၆ ရက်က ဖော်ပြခဲ့သည်။ ပုံမှန်လှည့်လည်နေ သည့်   ရေငုပ်သင်္ဘောများတွင်    နျူကလီးယား  ထိပ်ဖူးမည်မျှတပ်ဆင်ထားကြောင်းနှင့်      ရုရှား  ရေငုပ်သင်္ဘောများကို     မည်မျှနီးနီးကပ်ကပ် ပစ်ခတ်နိုင်ကြောင်း   ဖော်ပြခဲ့သည်ဟု   စွပ်စွဲထား သည်။  


ထရမ့်၏  ပြောရေးဆိုခွင့်ရှိသူကမူ ထရမ့်မှာ ဥပဒေဘောင်အတွင်းမှသာ  လုပ်ဆောင်လေ့ရှိသည် ဟု ပြောသည်။ ထရမ့်သည် အိမ်ဖြူတော်မှ ထွက်ခွာ ပြီးနောက်   ခွဲခြားသတ်မှတ်ထားသော  စာရွက် စာတမ်းများကို တရားမဝင်သိမ်းဆည်းမှုဖြင့် ဇွန်လ အတွင်းက တရားစွဲဆိုခံခဲ့ရသည်။ ထရမ့်မှာ လာမည့် နှစ်တွင် ရွေးကောက်ပွဲပြန်ဝင်ရန်  စီစဉ်ထားမှုကြောင့် အရေးကြီးသည့်အချက်အလက်များအပေါ် ထရမ့် ၏  ကိုင်တွယ်မှုကို မီဒီယာများက အာရုံစိုက်နေကြ သည်။ 


အင်န်အိတ်ချ်ကေ