
နေပြည်တော် အောက်တိုဘာ ၅
ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက် မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသား များနှင့် သဘာဝတရားအကြား သဟဇာတဖြစ်သော ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း မှု စသည့်ကဏ္ဍ သုံးခုကို ချိတ် ဆက်ပေးရန် ရည်ရွယ်ကျင်းပ သည့် တတိယအကြိမ်မြောက် ဟိမဝန္တာ တောင်တန်းဒေသနိုင်ငံ များအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ရှီးကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ Nyingchi မြို့တွင် အောက် တိုဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် ပြည် ထောင်စုဝန်ကြီးသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးကို သီရိလင်္ကာ၊ ချီလီ၊ ကင်ညာနိုင်ငံများမှ ဝန်ကြီးများ နှင့်အတူ Nyingchi မြို့တွင် သီးခြားတွေ့ဆုံပြီး တိဗက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တောနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကဏ္ဍများတွင် ဒေသတွင်း နိုင်ငံများသာမက အခြားကမ္ဘာ နိုင်ငံများကိုပါဖိတ်ခေါ်၍ ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များ နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့နောက် တတိယအကြိမ် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံ များအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက နှုတ်ခွန်းဆက် အမှာစကားပြော ကြားပြီး တက်ရောက်လာသော နိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးများက အမှာစကားများ ပြောကြားကြသည်။ ပြည်ထောင်စု ဝန်ကြီးက ပြောကြားရာတွင် သဘာဝပတ်ဝန်းကျင်နှင့် သဟ ဇာတရှိစွာနေထိုင်မှုသည် လူသား များနှင့် သဘာဝအကြား အပြန် အလှန်အမှီသဟဲပြုပြီး ကောင်းမွန် သော သက်ရှိဘဝကို ဖန်တီးနိုင် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် သစ်တောများ ကာကွယ် ရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ များ ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံ၏ ဦးစားပေးကဏ္ဍအဖြစ် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ၄၇ ရာခိုင်နှုန်းသည် ဟိမဝန္တာဒေသ တွင်းကျရောက်နေပြီး ကမ္ဘာ့ဇီဝ မျိုးစုံမျိုးကွဲ အချက်အချာနေရာ များဖြစ်သော အင်ဒို - မြန်မာ၊ တရုတ်အနောက်တောင် တောင် တန်းများနှင့် ဟိမဝန္တာဒေသများ၏ ဂေဟဗေဒဆိုင်ရာ ကူးပြောင်းမှု ဧရိယာအတွင်းတည်ရှိပါကြောင်း၊ ကချင်ပြည်နယ် မြောက်ပိုင်း တောင်တန်းဒေသတွင် သဘာဝ ထိန်းသိမ်းရေးနယ်မြေ ရှစ်ခု နိုင်ငံဧရိယာ၏ ၂ ဒသမ ၅၉ ရာခိုင် နှုန်း ဖွဲ့စည်းထားပြီး ဖြစ်ပါ ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သုတေသနလုပ်ငန်းများ ဆောင် ရွက်ရှိပါကြောင်း၊ ဟိမဝန္တာတောင် တန်းဒေသ နိုင်ငံများအကြား သစ်တောနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများ၊ ရင်းနှီး မြှုပ်နှံမှုများနှင့် သဘာဝအခြေပြု လုပ်ငန်းများ အကောင်အထည် ဖော်ရေးအတွက် လက်တွေ့ကျ၍ ခိုင်မာသောမူဝါဒနှင့် လုပ်ငန်းစဉ် များ ချမှတ်ဆောင်ရွက်သွားရန် အကြံပြုလိုပါကြောင်းနှင့် မြန်မာ နိုင်ငံအနေဖြင့် ဟိမဝန္တာတောင် တန်းဒေသ နိုင်ငံများအကြားနှင့် ပိုးလမ်းမနှင့်ရပ်ဝန်းဆိုင်ရာ ကိစ္စရပ် များတွင် တက်ကြွစွာဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဖိုရမ်တွင် လူသား မျိုးနွယ်နှင့် သဘာဝပတ်ဝန်းကျင် အကြား သဟဇာတဖြစ်မှုကို မြှင့်တင်ခြင်း၊ ပူးပေါင်းဆောင်ရွက် မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုး ကျေးဇူးများမျှဝေခြင်း ခေါင်းစဉ် ဖြင့် ဆက်လက်ဆွေးနွေးကြသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Nyan-gchi မြို့တွင် သတင်းမီဒီယာများ ၏ ဖိုရမ်နှင့် ပတ်သက်သည့် မေးမြန်းချက်များကို ဖြေကြား ခဲ့ပြီး တိဗက်ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ် ပြခန်းသို့ သွားရောက်လေ့လာ ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကြိုဆို မိတ်ဆက် ညစာစားပွဲနှင့် ယဉ်ကျေးမှုအက ဖျော်ဖြေပွဲအခမ်း အနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်