နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းနှင့် နောင်တရားမြို့ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

 

ပင်လောင်း အောက်တိုဘာ ၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့  နံနက်  ၉  နာရီခွဲ တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ် ဘက်စုံသုံးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊    စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲတွင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က   နိုင်ငံတော်က  ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက် လျက်ရှိရာ ပြည်သူ ပြည်သားများက ပူးပေါင်းဆောင် ရွက်ခြင်းအားဖြင့် အောင်မြင်မှုများ   ရရှိနိုင်မည်ဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များအနေဖြင့်   သက်ဆိုင်ရာဒေသများရှိ    ဒေသခံ ပြည်သူများ၊    ဌာနဆိုင်ရာ   အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး    လိုအပ်ချက်များ ကိုသိရှိပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားသည်။


ဖြေရှင်းဆောင်ရွက်ပေး


ထို့နောက် ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ဒေသဆိုင်ရာအချက် အလက်များကို   ရှင်းလင်းတင်ပြပြီး    တက်ရောက် လာကြသည့် ရပ်မိရပ်ဖများ၊  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များက လိုအပ်ချက်များ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က တင်ပြချက်များအပေါ်   ဖြေရှင်းဆောင်ရွက်ပေး သည်။


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်က  နိဂုံးချုပ်အမှာစကား  ပြောကြား၍ ပင်လောင်းမြို့နယ် ဌာနဆိုင်ရာများနှင့် တိုင်းရင်းသား စာပေနှင့်  ယဉ်ကျေးမှုအဖွဲ့များကို   ချီးမြှင့်ငွေများ ပေးအပ်ရာ ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များမှ လက်ခံရယူကြပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ ပြန်လည်ပေးအပ်သည်။ 


လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်း 


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြသိန်းတန်စာသင် တိုက် ဆရာတော် သာသနာဓဇဓမ္မာစရိယ ဘဒ္ဒန္တမင်္ဂလအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်း များ လှူဒါန်းကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် နောင်တရား   သဘာဝမြေသြဇာ စက်ရုံနှင့်   အာလူးအအေးခန်းတို့ကို  လှည့်လည် ကြည့်ရှုပြီး နောင်တရားမြို့  ပရိယတ္တိစာသင်တိုက် ပဓနနာယက ဘဒ္ဒန္တဂန္ဓာမာဆရာတော်အား ဖူးမြော် ကြည်ညို၍  လှူဖွယ်ဝတ္ထုပစ္စည်းများ   ဆက်ကပ် လှူဒါန်းကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည်   နောင်တရားပရိယတ္တိစာသင် တိုက်၌ နောင်တရားမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိ ရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်  တွေ့ဆုံပြီး ဒေသလိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် ပြည်သူများ ၏ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ် က   တင်ပြချက်များအပေါ်    ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က    နိဂုံးချုပ်အမှာစကား    ပြောကြား၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ချီးမြှင့် ငွေများပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများက လက်ခံ ရယူကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည်  တီကျစ်မြို့ ဆည်ခေါင်းရွာရှိ စိုက်ပျိုးရေးစံပြစိုက်ခင်းကို သွားရောက်ကြည့်ရှုပြီး တောင်သူများအား   နေကြာမျိုးစေ့နှင့်    သဘာဝ မြေသြဇာများ   ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရ သည်။                       

သတင်းစဉ်