
စစ်တွေ အောက်တိုဘာ ၃
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးအတွက် လတ်တလော ကာလ၊ ကာလတို၊ ကာလရှည် စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)နှင့် ပတ်သက်ပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ စာရင်း တွေ့ရှိချက်များနှင့် အာဆီယံအရေးပေါ်တုံ့ပြန်ရေး နှင့် ဆန်းစစ်လေ့လာရေးအဖွဲ့(ASEAN- ERAT)အဖွဲ့ တို့၏ အစီရင်ခံစာပါတွေ့ရှိ ချက်များကို နှိုင်းယှဉ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့သည့်အပေါ်တွင် နိုင်ငံတော်အကြီးအကဲ၏ မှတ်ချက်ပြု ညွှန်ကြားချက်များနှင့်အညီ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လတ်တလောကာလ၊ ကာလလတ်၊ ကာလရှည်စီမံ ကိန်းများရေးဆွဲထားရှိမှုအပေါ် ဆွေးနွေးသုံးသပ် အတည်ပြုရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကို ရေးဆွဲရာတွင် လည်း ယခင်အစည်းအဝေးတွင် မှာကြားခဲ့သကဲ့သို့ အမှန်တကယ် အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းများဖြစ်စေရန်လည်း လိုအပ်မည်ဖြစ် ကြောင်း၊ ရေးဆွဲထားသည့် စီမံကိန်းလုပ်ငန်းများ သည် မူလစီမံကိန်းနှင့်ချိတ်ဆက်မိပြီး မြေပြင်တွင် လက်တွေ့ဆောင်ရွက်မည့်လုပ်ငန်းများကို ရေးဆွဲ တင်ပြရန်၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန် ရန်၊ ကာလရှည်ဆောင်ရွက်မည့် အစီအစဉ်များကို ၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်များအထိ ပြည့်ပြည့်စုံစုံရေးသားပြုစုရန်၊ စီမံကိန်းရေးဆွဲရာတွင် လည်း မိမိတာဝန်ယူနိုင်သည့်အပိုင်း၊ မိမိဌာန၏ ရည်မှန်းချက်၊ ချမျတ်ထားသည့် စီမိကိန်းများအပေါ် သွေဖည်မသွားအောင် စနစ်တကျစီမံရေးဆွဲရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို စီမံ ချက်ရေးဆွဲဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ် လတ်တလောကာလ၊ ကာလတို၊ ကာလရှည်စီမံကိန်းများ ရေးဆွဲပြုစုရေး ကော်မတီအတွင်းရေးမှူး စီမံကိန်းရေးဆွဲရေးဦးစီး ဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က လတ်တလောကာလ ဆောင်ရွက်ပြီးစီးမှုများ ရှင်းလင်း တင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။ တင်ထွန်း(ပြန်/ဆက်)