
ဆိုးလ် စက်တင်ဘာ ၂၈
ဂျပန်နိုင်ငံတွင် နေထိုင်ကြသော အဏုမြူဗုံးဒဏ်မှ အသက်ရှင် လွတ်မြောက်ခဲ့သည့် တောင်ကိုရီး ယားအဖွဲ့တစ်ဖွဲ့သည် တောင် ကိုရီးယားအစိုးရ၏ ဖိတ်ကြားချက် ဖြင့် ဘိုးဘေးမြေသို့ လာရောက် လည်ပတ်ခဲ့သည်။
ဟီဘာကူရှာနှင့် အဖွဲ့ဝင်များ ဟု လူသိများသော ၁၉၄၅ ဟီရို ရှီးမားအဏုမြူဗုံးဒဏ်မှ ရှင်သန် လွတ်မြောက်ခဲ့သူများ ပါဝင် သည့် ၃၈ ဦးပါ အဖွဲ့သည် တောင်ကိုရီးယားသမ္မတ ယွန်ဆတ် ယိုးနှင့် တွေ့ဆုံခဲ့ကြသည်။
အဆိုပါအဖွဲ့သည် စက်တင် ဘာ ၂၈ ရက်မွန်းလွဲပိုင်းက ဆိုးလ် မြို့အနီး အင်ချွန်လေဆိပ်သို့ ရောက်ရှိခဲ့သည်။
တောင်ကိုရီးယားသမ္မတ ယွန် က အမိမြေတောင်ကိုရီးယား မည်မျှ ဖွံ့ဖြိုးတိုးတက်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရန် အဆိုပါအဖွဲ့ကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်ဟု မေလတွင် ပြောကြား ခဲ့သည်။ ယွန်သည် ဂျီ- ၇ အစည်း အဝေးအတွက် ဟီရိုရှီးမားသို့ ရောက်ခဲ့သည်။
ဟီဘာကူရှာ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ပါ့ခ်အီဂျွန်က သမ္မတ၏ ဖိတ်ကြားချက်ဖြင့် တောင်ကိုရီး ယားသို့ လာရောက်ရသည့်အတွက် စိတ်လှုပ်ရှားဖွယ် ကောင်းကြောင်း ပြောခဲ့သည်။ အခမ်းအနား များ တက်ရောက်သွားမည်ဖြစ် ကြောင်းနှင့် တခြားသူများနှင့် ပျော်ရွှင်မှုများ မျှဝေသွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
အဆိုပါအဖွဲ့သည် တောင်ကိုရီး ယားတွင် အောက်တိုဘာ ၃ ရက် အထိ နေမည်ဖြစ်သည်။ သမ္မတနှင့် နေ့လယ်စာစားပွဲသို့ တက်ရောက် မည်ဖြစ်ပြီး ဆိုးလ်မြို့တစ်ခွင် လေ့လာသွားမည် ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ