အီရတ်နိုင်ငံမြောက်ပိုင်း မင်္ဂလာဆောင်တစ်ခု၌ လူ၅၀ ကျော် အစာအဆိပ်သင့်

 

ဘဂ္ဂဒက်     စက်တင်ဘာ     ၂၈
အီရတ်နိုင်ငံမြောက်ပိုင်း    ကီရာကွတ်ပြည်နယ်  မင်္ဂလာဆောင်တစ်ခုတွင်   မသန့်ရှင်းသည့်   အစား အသောက်ကြောင့် လူပေါင်း ၅၀ကျော် အစာအဆိပ် သင့်မှုဖြစ်ပွားခဲ့သည်ဟု   အီရတ်သတင်းအေဂျင်စီ (INA) တွင် စက်တင်ဘာ ၂၇ ရက် ကဖော်ပြခဲ့သည်။ 
ကီရာကွတ်ပြည်နယ်အနောက်ပိုင်း   ပြည်နယ် မြို့တော် ဟာဝီဂျာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု  ပြည်နယ်ကျန်းမာရေးအကြီးအကဲ ဇီယက်ခါလစ်ဖ် ကပြောသည်။   အစာအဆိပ်သင့်မှုဖြစ်ပွားရာတွင် ရောဂါအပျော့စားနှင့် အလယ်အလတ်အဆင့်ခံစားရသူများရှိပြီး လူနာအားလုံးကိုဆေးရုံတွင် လိုအပ် သည့်ဆေးကုသမှု  ပေးထားသည်ဟုလည်း  အီရတ် သတင်းအေဂျင်စီတွင်ဖော်ပြထားသည်။  
အီရတ်နိုင်ငံမြောက်ပိုင်း    နီနက်ဗာပြည်နယ် မင်္ဂလာဆောင်တစ်ခုတွင်မီးလောင်မှုကြောင့် လူပေါင်း  ၁၁၄ ဦး   သေဆုံးမှုဖြစ်ခဲ့ပြီး   တစ်ရက်အကြာတွင် ယခုလိုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။      ဆင်ဟွာ