
နေပြည်တော် မတ် ၁၉
ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်စာရင်း စစ်ချုပ်ရုံးများရှိ ညွှန်ကြားရေးမှူး များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပသည်။
ပြည်သူ့အကျိုးစီးပွားရရှိရန်
ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော်က စာရင်းစစ် လုပ်ငန်းသည် ပြည်သူ့ဘဏ္ဍာငွေ များကို ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များ နှင့်အညီ စနစ်တကျ သုံးစွဲနိုင်ပြီး ပြည်သူ့ အကျိုးစီးပွားရရှိနိုင်ရန် အဓိကထားပါကြောင်း၊ ဘဏ္ဍာ ရေးစာရင်း စစ်ဆေးခြင်း၊ လုပ်ငန်း အကောင်အထည်ဖော်မှု စစ်ဆေး ခြင်း၊ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း၊ နည်းဥပဒေများကို လိုက်နာမှုရှိ/ မရှိ၊ ကိုက်ညီမှု စစ်ဆေးခြင်းတို့ကို ယခုအခါ နိုင်ငံတကာ စာရင်းစစ်စံများ ဖြစ်သည့် International Standards of Supreme Audit Institution (ISSAI) နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းကဲ့သို့ စစ်ဆေးခြင်းများကို စစ်ဆေးခံဌာနအဖွဲ့အစည်းများသိရှိရန် ပညာရပ်ဆိုင်ရာဆွေးနွေး ပွဲများ ဆောင်ရွက်သွားရန် အစီ အစဉ်ရှိပါကြောင်း၊ လက်ရှိ ဆောင်ရွက်နေသည့် စစ်ဆေးရေး လုပ်ငန်းများကို အချိန်မီပြီးစီး အောင် ဆောင်ရွက်နိုင်ရေး အတွက် Work Plan များ ရေးဆွဲ ချမှတ်၍ စနစ်တကျ စီမံဆောင် ရွက်ရန် လိုအပ်ကြောင်း၊ ရုံးတွင်း လူ့စွမ်းအား ဖွံ့ဖြိုးမှုအတွက် လိုအပ်သော စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းများကိုလည်း စတင်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လိုအပ်နေသည့် ဝန်ထမ်းနေရာများကို ဖြည့်ဆည်း ပေးရန်အတွက် အမြန်ဆုံး ဆောင်ရွက်ပေးလျက် ရှိပါ ကြောင်းနှင့် လုပ်ငန်းဆောင်ရွက် ရာတွင်လည်း ကျစ်လျစ်ထိရောက် မှုရှိစေရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ရသုံးမှန်းခြေငွေစာရင်း
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများ က ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာ ငွေစာရင်းများ စစ်ဆေးရေး လုပ်ငန်း၊ စီမံရေးရာလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ ရသုံးမှန်းခြေငွေစာရင်း အခြေ အနေများ၊ အထွေထွေကိစ္စရပ် များကို တင်ပြရာတွင် အထူးကိစ္စ အနေဖြင့် CDM ပြုလုပ်နေသည့် ဝန်ထမ်းများ ရုံးပြန်လည် တက်ရောက်လာမှု အခြေအနေ ကို တင်ပြကြရာ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်က လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်