
နေပြည်တော် စက်တင်ဘာ ၁၂
အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာလတို၊ ကာလရှည် စီမံကိန်း များချမှတ်၍ နှစ်စဉ်လုပ်ငန်းအစီ အစဉ်များရေးဆွဲကာ လအလိုက် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာ လုပ်ငန်းဆောင် ရွက်ရာ၌ လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် နည်းပညာများ ဖြည့်ဆည်းပေးနိုင်ရန် လိုအပ် ကြောင်း ယနေ့မွန်းလွဲ ၁ နာရီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည့် လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်မှုအခြေ အနေ ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ပြောကြားသည်။
စံတန်ဖိုးများကို သိရှိလိုက်နာ
ဆက်လက်၍ ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်သည် နိုင်ငံ တော် ဘဏ္ဍာငွေနှင့် ပစ္စည်းများ နစ်နာဆုံးရှုံးမှုမရှိစေရေး အကာ အကွယ်ပေးရန် အဓိကတာဝန်ရှိ ပါကြောင်း၊ ကော်မရှင် အနေဖြင့် စီးပွားရေးကဏ္ဍများတွင် နိုင်ငံ့ ဘဏ္ဍာငွေများ ဆုံးရှုံးမှု ရှိ/ မရှိ စိစစ်၍ တည့်မတ်ပေးရန် တာဝန် ရှိပါကြောင်း၊ ဝန်ထမ်းများအနေ ဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း နှင့် စံတန်ဖိုးများကို သိရှိလိုက်နာ ရန်လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေ များ နစ်နာဆုံးရှုံးမှု မရှိစေရန် အကာအကွယ်ပေးရာတွင်လည်း ကော်မရှင်တစ်ခုတည်း ဆောင် ရွက်၍ မရကြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာန၊ အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည့်အတွက် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့(Corruption Prevention Unit - CPU) များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်း များ ထိရောက်စွာ ဆောင်ရွက်နိုင် ရန် သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းပါဝင်မှု အားကောင်းရန် အရေးကြီးကြောင်း၊ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းများ ဆောင် ရွက်ရာတွင် ဆင်ခြေပေးရန်ထက် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်၊ အလျှော့ပေးသည် ထက် လုပ်ငန်းကို နိုင်နင်းအောင် ဆောင်ရွက်နိုင်ရန် စဉ်းစားသင့် ကြောင်း တိုက်တွန်းမှာကြားသည်။
အားသာချက်၊ အားနည်းချက်
ထို့နောက် စီမံရေးရာဦးစီး ဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် များက ဦးစီးဌာနများအလိုက် လုပ်ငန်းဆောင်ရွက် ပြီးစီးမှု၊ ဆောင်ရွက်ပြီး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အားသာချက်၊ အားနည်း ချက်များ၊ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်မည့် အစီ အစဉ်များနှင့် ကော်မရှင်အနေဖြင့် ဖြည့်ဆည်းပေါင်းစပ် ညှိနှိုင်းပေးရန် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေးသည်။
အခမ်းအနားသို့ ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် အရာထမ်းများ တက် ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်