
နေပြည်တော် စက်တင်ဘာ ၈
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြစ်ကြီး နားမြို့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် သည် မြစ်ကြီးနားမြို့ ရွှေညောင် ပင်ရပ်ကွက်ဈေး၌ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေး နှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်၍ ပြည်သူများ ဝန်ထုပ် ဝန်ပိုးမဖြစ်ပေါ်စေရေး ပြည်နယ် အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဌာနဆိုင်ရာ များ၊ စည်ပင်သာယာရေးအဖွဲ့၊ ကချင်ပြည်နယ် ဆန်ကုန်သည် ကြီးများအသင်း၊ ဆီကုန်သည် ကြီးများအသင်းနှင့် ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ရောင်းချသူတို့ ပူးပေါင်း၍ ဒေသခံများအတွက် ပြင်ပပေါက်ဈေးနှုန်းထက် ပိုမို ချိုသာသော ဈေးနှုန်းဖြင့် အခြေခံ စားသောက်ကုန်များ ရောင်းချပေး နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် သည် အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း ရွှေသွေး ခန်းမ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေး နေ့ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က စာတတ်မြောက်ရေး လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ဖြည့်စွက် ရှင်းလင်းမှာကြားပြီး မြစ်ကြီး နားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက် ရေးနေ့ အခမ်းအနားအတွက် ယူနက်စကိုညွှန်ကြားရေးမှူးချုပ် ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
ဆက်လက်၍ ပညာရေး ဝန်ကြီးဌာန၏ စာတတ်မြောက် ရေးလုပ်ငန်းများ ဆောင်ရွက်မှု Video Clip ပြသမှုကို ကြည့်ရှု အားပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က ၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေး နေ့အထိမ်းအမှတ် ပြည်နယ် အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်က အခမ်း အနားတွင် သီဆိုဂုဏ်ပြုဖျော်ဖြေ ခဲ့ကြသည့် ကျောင်းသား ကျောင်း သူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်း အမှတ် အခြေခံပညာဦးစီးဌာနမှ စာတတ်မြောက်ရေး လှုပ်ရှားမှု ပုံရိပ်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင် ရေးလှုပ်ရှား မှုအဖြစ် ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်စာစောင်များ နှင့် Mobile Library စာအုပ် စာစောင်ငှားရမ်းမှုများကို လှည့် လည်ကြည့်ရှုအားပေးသည်။
ထို့အပြင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် သည် အဆိုပါခန်းမ၌ ကချင်ပြည် နယ်အတွင်းရှိ အခြေခံပညာ ဦးစီးဌာန ပညာရေးဝန်ထမ်းများ နှင့် တွေ့ဆုံ၍ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးနှင့် လူငယ် ကဏ္ဍ တိုးတက်မြင့်မားရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ မှာကြားသည်။
ဆက်လက်၍ ပြည်နယ်လူမှု ရေးရာဝန်ကြီး၊ ပြည်နယ်ပညာရေး မှူးနှင့် တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးများက ပညာ ရေးကဏ္ဍအတွက် လိုအပ်ချက် များကို ဆွေးနွေးတင်ပြကြ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် မန္တလေး-လားရှိုး- ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်ရှိ ဧရာဝတီမြစ်ကူးတံတား တံတား အမှတ် (၂/၄၈၄)၊ ဗလမင်းထင် တံတားအမှတ် (၂) (၃၂၁၂ ဒသမ ၀၉၉) ပေအရှည်ရှိ တည်ဆောက် ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအုပ်စု တန်ဘောင် ကျေးရွာအတွင်း ကချင်တိုင်းရင်း သားလုပ်ငန်းရှင်များ၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ KEP Logistics Co.,Ltd သို့ သွားရောက်၍ ကချင်ပြည်နယ်မှ တစ်ဆင့် ပို့ကုန်/သွင်းကုန် စီးပွား ရေးလုပ်ငန်းများ၊ နယ်စပ်ကုန် စီးဆင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှု၊ လိုအပ်ချက်၊ အခက် အခဲများနှင့် စပ်လျဉ်း၍ တာဝန်ခံ ဦးအားဖူ၏ ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဝိုင်းမော်-ကံပိုင်တည် နယ်စပ်ဂိတ်သွား လမ်း အဆင့်မြှင့်တင်ဆောင်ရွက် နိုင်ရေး၊ လိုင်စင်မဲ့/စည်းကမ်းမဲ့ မော်တော်ယာဉ်ကြီးများ အရေး ယူ ထိန်းချုပ်ကွပ်ကဲနိုင်ရေးနှင့် နယ်စပ်ကုန်စည် စီးဆင်းမှုများ ပိုမိုချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကုန်တင်ကုန်ချဝင်းအတွင်း လုပ်ငန်း ဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ သည်။
ယင်းနောက် မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည် ပံ့ပိုးပေးမှုဖြင့် ဆောင်ရွက်လျက် ရှိသည့် ဖြိုးဝေဝေစက္ကူနှင့် စာအုပ် ထုတ်လုပ်ငန်း သမဝါယမအသင်း လီမိတက်၌ ပျော့ဖတ်စက်အသစ် လည်ပတ်နေမှုနှင့် စက်ရုံထုတ် ကုန်ကြမ်းများ ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် သည် မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ တင်း ၁၀၀ စံပြ စိုက်ကွက်အတွင်း တပ်ကုန်းကွင်း နှင့် မန်ခိန်ကွင်းတို့အတွင်း မိုးစပါးစိုက်ပျိုးအောင်မြင် ဖြစ် ထွန်းမှု၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ ဆောင်းသီးထပ်သီးညှပ် များ စိုက်ပျိုးနိုင်ရေးတို့အတွက် စိုက်ပျိုးရေ၊ သွင်းအားစုများ ပံ့ပိုးကူညီပေးထားမှု အခြေအနေ များနှင့် မန်ခိန်ကွင်းအတွင်း တောင်သူများ၏ မိုးစပါးကြဲပက် နေမှုကို ကြည့်ရှုအားပေးကာ တပ်ကုန်းကွင်းအတွင်း အင်ဂျန်း ခချောင်း ပြန်လည်တူးဖော်ဆောင် ရွက်ထားရှိမှုနှင့် တောင်သူများ အတွက် ငါးမျိုးစိုက်ထည့်ပေးထားမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်