နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ပြည်သူများနှင့် တွေ့ဆုံ

 

နေပြည်တော်  စက်တင်ဘာ   ၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်  ပိုးရယ်အောင်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊  လူမှုရေးအသင်းအဖွဲ့ များ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖ များ၊ ပြည်သူများ တွေ့ဆုံပွဲအခမ်း အနားကို   ယနေ့မွန်းလွဲပိုင်းက  လွိုင်ကော်မြို့  ပြည်နယ်ခန်းမ၌ ကျင်းပသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က     နိုင်ငံ တော်အစိုးရအနေဖြင့်   မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု   ကွာဟချက် ကျဉ်းမြောင်းစေရေး၊   ဟန်ချက် ညီညီ      ဖွံ့ဖြိုးတိုးတက်စေရေး နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့ကို   အထူးအလေးထားကာ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်  တိုင်း ပြည်သာယာဝပြောရေး၊   စားရေ ရိက္ခာဖူလုံရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ်  ချမှတ်ပြီး   နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား  ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရှိန်အဟုန်မြှင့်တင်  ဆောင်ရွက် လျက်ရှိကြောင်း၊   ပြည်နယ်ဖွံ့ဖြိုး တိုးတက်စေရေး၊      ပြည်နယ် အတွင်း   တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများအားလုံးက   ဝိုင်းဝန်း ပူးပေါင်း    ပါဝင်ဆောင်ရွက်ကြ စေလိုကြောင်း ၊   လူငယ်လူရွယ် များ ပညာရည်မြင့်မားလာအောင် ဆောင်ရွက်ပေးခြင်းဖြင့် အနာဂတ် နိုင်ငံတော်အတွက်    အားထား ရမည့်   လူ့စွမ်းအားအရင်းအမြစ် များ  ရရှိလာမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး    တရားမျှတသော ပါတီစုံဒီမိုကရေစီ     အထွေထွေ ရွေးကောက်ပွဲ     အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးကို ပြည်သူများအားလုံးက ပူးပေါင်း ပါဝင်     ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။


ဆက်လက်၍   ကယားပြည်နယ် ဝန်ကြီးချုပ်       ဦးဇော်မျိုးတင် က   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်  (၉)   ရပ်အပေါ်  ကယားပြည်နယ်အနေဖြင့် ကဏ္ဍ အလိုက်     ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်  ဒေသအတွင်း  ဖွံ့ဖြိုးတိုးတက်လာမှုအခြေအနေ များကို ဆွေးနွေးပြောကြားသည်။
ယင်းနောက်    တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် လုပ်ငန်း ရှင်များ၊  ဒေသခံပြည်သူများက လွိုင်ကော်မြို့အတွင်း    တိုးမြှင့် ပြုပြင်ဆောင်ရွက်ပေးစေလိုသည့် လမ်း/အဆောက်အဦဆိုင်ရာကိစ္စ၊ အိမ်ခြံမြေလုပ်ငန်း    ဖွံ့ဖြိုးရေး ဆိုင်ရာများ၊ အခြေခံစားသောက် ကုန်များ ဈေးနှုန်းတည်ငြိမ်မှုရှိပြီး ဖြန့်ဖြူးရောင်းချရေးဆိုင်ရာ ကိစ္စ နှင့်    ဒေသတည်ငြိမ်အေးချမ်းမှု ရှိစေရေးကိစ္စရပ်များကို   တင်ပြ ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ က တင်ပြချက်များအပေါ်ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရ သည်။                          

သတင်းစဉ်