
ရန်ကုန် စက်တင်ဘာ ၇
လူငယ်သီတင်းပတ် (Youth Week) အတွက် “လူငယ်နှင့်ကာယ အလှ”အစီအစဉ်ကို ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ မွန်းလွဲ ၁ နာရီတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်များ၊ စီမံရေးရာ၊ ဘဏ္ဍာ၊ သင်တန်းရေးရာ၊ စာပေးစာယူ ဌာန ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ မော်ကွန်း ထိန်း၊ အဆောင်မှူးများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ကြသည်။ အခမ်းအနားတွင် ရန်ကုန်ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က အမှာစကား ပြောကြားရာတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့်ဗလငါးတန်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန်နှင့် University Ethos ကို ခံစားရပြီး တက္ကသိုလ်ဘဝ အမှတ်တရများမှတစ်ဆင့် မိမိကိုယ်ကိုတန်ဖိုး ထားပြီး ကောင်းမွန်သည့် အလေ့အကျင့်များကိုရရှိပြီး ကျန်းမာပျော်ရွှင် ပြီး စွမ်းရည်ထက်မြက်သော အနာဂတ်လူသားအရင်းအမြစ်များဖြစ်လာစေရန် ပြောကြားသည်။
ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ ကျောင်းသား ကျောင်းသူများက ကိုယ်ကာယကြံ့ခိုင်မှုအကများဖြင့် ကပြတင်ဆက် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်