ဧရာဝတီမြစ်၊ သံလွင်မြစ်နှင့် ငဝန်မြစ်တို့၏ မြစ်ရေကြီးမှုနှင့် စိုးရိမ်ရေမှတ်အထက် တည်ရှိမှုအခြေအနေ

 

နေပြည်တော်  စက်တင်ဘာ  ၆


ယနေ့ နံနက် ၈ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည်  ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။


ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက်တစ်ရက် အတွင်း ပေဝက်ခန့်  မြင့်တက်လာနိုင်ပြီး  ယင်းမြို့၏   စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။                     


သံလွင်မြစ်ရေသည်  ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ တစ်လက်မခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာ နိုင်ပြီး  ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်   ဆက်လက်တည်ရှိနိုင် သည်။


သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ် ဆိပ်သာမြို့နှင့် ဘားအံမြို့နယ် များအတွင်းရှိ  မြစ်ကမ်းအနီးနှင့်  မြေနိမ့်ပိုင်းနေထိုင်သူများအနေ ဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။


ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်  ပေဝက် ခန့်တွင်  ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည်  နောက်သုံးရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ ငါးသိုင်းချောင်းမြို့အတွင်းရှိ   မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။                  

မိုး/ဇလ