
နေပြည်တော် စက်တင်ဘာ ၆
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်ရှိ အမှတ် (၁၈) အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုးလင်း၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန် ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အဂတိလိုက်စား မှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်က နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကအဟန့်အတား ဖြစ်စေသော အဂတိလိုက်စားမှု သည် ကိုယ်ကျင့်တရားပျက်ယွင်း ခြင်းဖြစ်၍ နိုင်ငံ့အနာဂတ် လူငယ်များကို ကိုယ်ကျင့်တရား ကောင်းမွန်စေရန် ငယ်စဉ်က ပင် လေ့ကျင့်ပျိုးထောင်ပေးရန် လိုကြောင်း၊ ထိုသို့ ပျိုးထောင်ရာ တွင် ပညာသင်ကြားရာ စာသင် ခန်းများမှ စတင်ရမည်ဖြစ် ကြောင်း၊ အနာဂတ် ခေါင်းဆောင် လူငယ်များကို ကျင့်ဝတ်နှင့်အညီ ထိရောက်သော စီမံခန့်ခွဲမှုရှိသည့် ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ် လာစေရန် ပြုစုပျိုးထောင်ခြင်း ဖြင့် အဂတိလိုက်စားမှုလျော့နည်း ပပျောက်ပြီး ဖြောင့်မတ်တည်ကြည် မှုရှိသည့် လူမှုအသိုက်အဝန်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ကျောင်းသား ကျောင်း သူများက သိရှိလိုသည်များကို မေးမြန်းကြပြီး Speaker များ အဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်ဆွေးနွေး ဖြေကြားကြ သည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာန အခြေခံပညာအဆင့် (မူလတန်း နှင့် အလယ်တန်း) အဆင့်များမှ စတင်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ပေးလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ ရာ ယနေ့တွင် တောင်ကြီးမြို့ အမှတ်(၁၅)အခြေခံပညာ အလယ် တန်းကျောင်း၌ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်း သား ကျောင်းသူများကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲမှ အမှုထမ်းများက ဖြောင့်မတ်တည်ကြည်မှု မြှင့်တင် ရေး ပညာပေးအစီအစဉ် (ဆရာ ကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edutainment) အစီ အစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြသည်။
“အဂတိလိုက်စားမှု တိုက်ဖျက် ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” လူငယ်စကားဝိုင်းများ ဆောင်ရွက် ရခြင်းမှာ လူငယ်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများ သိရှိစေ ရန်၊ အဂတိလိုက်စားမှုကို ဆန့်ကျင်လိုသည့် လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာစေရန်နှင့် လူငယ် များ၏ အခန်းကဏ္ဍကို မြှင့်တင် ရန်၊ ဖြောင့်မတ်တည်ကြည်မှု ရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်