မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ၊ ဘုရားဖူးပြည်သူအပေါင်း လာရောက်ဖူးမြော်

 

နေပြည်တော်   စက်တင်ဘာ  ၆


ပြည်ထောင်စုနယ်မြေ       နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ   ဗုဒ္ဓဥယျာဉ်  ဝတ္ထု ကံတော်တွင် တည်ထားပူဇော် အောင်မြင် ခဲ့သည့်      ကမ္ဘာပေါ်ရှိ       ထိုင်တော်မူ  ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်  ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်    မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား    ရဟန်း၊ ရှင်လူ၊  ဘုရားဖူးပြည်သူအပေါင်း   အခမဲ့ လာရောက်ဖူးမြော်နိုင်ရန်  ဩဂုတ် ၈  ရက် မှစတင်၍    နံနက်  ၆ နာရီမှ   ည ၈ နာရီ အတွင်း      ဖွင့်လှစ်ထားရှိရာ    ယနေ့ စက်တင်ဘာ ၆ ရက်တွင်လည်း အနယ်နယ် အရပ်ရပ်မှ   ဘုရားဖူးလာ  ရဟန်းရှင်လူ ပြည်သူများဖြင့်    ဘုရားကြီးပရိဝုဏ် အတွင်း  စည်ကားလျက်ရှိသည်။ 


ဘုရားဖူးလာပြည်သူများနှင့်  မော်တော် ယာဉ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များက  ယာဉ်ကြောများ  ရှင်းလင်းပေး လျက်ရှိပြီး     ဘုရားကြီးအဝင်   လမ်း တစ်လျှောက်တွင်     ဘုရားဖူးလာပြည်သူ များ၏      မော်တော်ယာဉ်များ  စနစ်တကျ စီတန်းရပ်နားထားသည်ကို  မျက်စိတဆုံး  တစ်မျှော်တစ်ခေါ်    တွေ့ရသည်။    မုခ်ဦး အဝင်သို့ ရောက်ရှိလာသည့်   ဘုရားဖူးလာ ပြည်သူများကို      လုံခြုံရေးဝန်ထမ်းများက  စနစ်တကျစစ်ဆေးလျက်ရှိရာ  ဘုရားဖူး လာ  ရဟန်းရှင်လူပြည်သူများက ကြည်ဖြူ စွာ အစစ်ဆေးခံကြသည်။ 


ဘုရားဖူးခရီးသွားများ   ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း  သွားလာမှုလွယ်ကူ စေရန်အတွက်     စီစဉ်ပေးထားသည့် ဘက်ဂီမော်တော်ယာဉ်ငယ်များမှာလည်း အသက်အရွယ်ကြီးရင့်သူများနှင့် ကျန်းမာ ရေးမကောင်းသူများကို အခမဲ့  ပို့ဆောင်ပေး လျက်ရှိသကဲ့သို့ ခြေကျင်ဝင်ရောက်သည့်   ဘုရားဖူးခရီးသည်များဖြင့် စည်ကားလျက် ရှိသည်။    ဘုရားဖူးလာ      ရဟန်းရှင်လူ     ပြည်သူများအနေဖြင့်      ကြည်ညိုသဒ္ဓါပွား များလျက်  အလှူငွေများကို   ဘုရား ဂေါပကအဖွဲ့ထံ၌          လည်းကောင်း၊     အလှူခံပုံးအသီးသီးတွင် လည်းကောင်း        စေတနာသဒ္ဓါတရား    ထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းလျက်ရှိသည်ကို  တွေ့ရ သည်။


“ကျွန်တော်တို့မိသားစုက မကွေးမြို့ ကနေ မာရဝိဇယဘုရားကြီးကို လာရောက် ဖူးမြော်တာဖြစ်ပါတယ်။ အံ့မခန်းမာရဝိဇယ ဘုရားကြီးကို တည်ထားဖို့  စကျင်ကျောက် တော်ကြီးတွေ   အဆင့်ဆင့်    သယ်ယူ ပင့်ဆောင်နေတဲ့      အချိန်ကတည်းက စိတ်အားထက်သန်ပြီး  ဝမ်းသာပီတိတွေ ဖြစ်ပေါ်မိပါတယ်။   အဲဒီအချိန်ကတည်းက လာရောက်ဖူးမြော်ဖို့ ဆန္ဒတွေရှိခဲ့ပါတယ်။ ဘုရားကြီးကို အနေကဇာတင်ပြီးတဲ့အခါ မြန်မာနိုင်ငံရဲ့    ဗုဒ္ဓဘာသာသမိုင်းဟာ ပိုပြီးတော့ အဓွန့်ရှည်လာမယ်လို့ ယုံကြည် မိပါတယ်။  ဂန္ဓကုဋိတိုက်ထဲမှာ ၂၄ ပစ္စည်း တွေကို ကဏ္ဍတစ်ခုချင်းစီအလိုက် စကျင် ကျောက်တွေနဲ့     ထွင်းထုထားတာအပြင် ပန်းချီလက်ရာပြောင်မြောက်စွာနဲ့ ပြည်သူ တွေ  လေ့လာဖူးမြော်နိုင်ဖို့   ဆောင်ရွက် ထားတာလည်း  အလွန်ကောင်းမွန်လှပါ တယ်။    လူငယ်  လူရွယ်တွေအနေနဲ့ ဘာသာတရားရဲ့အဆုံးအမတွေကို ထဲထဲ ဝင်ဝင် လေ့လာဖူးမြော်ရတဲ့အခါ ယဉ်ကျေး သိမ်မွေ့တဲ့ သူတော်ကောင်းတွေ ဖြစ်လာ မယ်လို့ ယုံကြည်မိပါတယ်။ 


အခုလို    ဖူးမြော်ခွင့်ရတဲ့အတွက် ဦးဆောင်ဘုရားဒါယကာကြီးနဲ့ အလှူရှင် တွေအားလုံးကိုရော       ကျေးဇူးတင်ပါ တယ်” ဟု    မကွေးမြို့မှ    လာရောက် ဖူးမြော်သူ ဦးမြင့်ကိုက ပြောသည်။


 မာရဝိဇယဘုရားကြီး   ရင်ပြင်တော် ပေါ်တွင်     စိတ်အေးချမ်းသာစွာ     ဘုရား ဝတ်ပြုသူများ၊     ပဋ္ဌာန်းရွတ်ဖတ်သူများ၊ ဆုတောင်းမေတ္တာပို့သသူများ၊   ကြည်ညို သဒ္ဓါပွားသူများ၊ မုဒိတာပွားများသူများဖြင့်  နံနက် ၆ နာရီမှ    ည ၈ နာရီအတွင်း  မပြတ်စည်ကားလျက်ရှိသည်။ 


ဘုရားကြီး၏      ရင်ပြင်တော်ပေါ်ရှိ သဒ္ဓါဓိပတိ    ခေါင်းလောင်းတော်ကြီးအား တီးခတ်၍  ကုသိုလ်ပြုအမျှဝေကြသူများ၊   ဘုရားရင်ပြင်တော်    အောင်မြေပေါ်တွင် အဓိဋ္ဌာန်   ဆုတောင်းဖူးမြော်ကြသူများ၊  ရင်ပြင်တော်ပတ်လည်ရှိ  စကျင်ကျောက် များဖြင့် တည်ဆောက်ထားသော ဂန္ဓကုဋိ တိုက် ၂၄ ဆောင်အတွင်းရှိ  ဇာတ်နိပါတ် တော်များအား စိတ်ပါဝင်စားစွာ  လေ့လာ ဖတ်မှတ်နေကြသူများ၊    ကျောက်စာရုံ စေတီတော်  အဆူ  ၇၂၀ တို့တွင်  ဖူးမြော် ကြည်ညိုသဒ္ဓါပွားများသူများ၊     မုစလိန္ဒ ကန်နှင့် နဂါးရုံဘုရားဖူးမြော်သူများ၊ အဂ္ဂါ ဓိပတိ      သာသနာ့ဗိမာန်တော်ကြီးတွင် လေ့လာကြည်ညိုကြသူများနှင့်  အသင်း အဖွဲ့လိုက် ဝတ်ရွတ်ပူဇော်သူများ၊   ဇရပ် များအတွင်း  အသင်းအဖွဲ့လိုက်နားနေသူ များဖြင့် စည်ကားလျက်ရှိသည်။ 


အဆိုပါ   မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို ကြသူများကို  အခမဲ့ဖူးမြော်ခွင့်ပေးထားပြီး ယနေ့မှစ၍    ဗုဒ္ဓဥယျာဉ်တော်အတွင်း  ဝင်ရောက်ချိန်တွင်     ကင်မရာပါသည့် ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းများ   ရိုက်ကူး ခြင်းနှင့် အပျော်တမ်းကင်မရာ  ရိုက်ကူး ခြင်းများကို  ထိုက်သင့် သည့်နှုန်းထားဖြင့်     အခကြေးငွေ    ကောက်ခံကာ ယူဆောင် ခွင့်ပြုထားရှိကြောင်း၊      ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ     ယာဉ်ရပ်နားရန်နေရာတွင်   ဝင်ရောက်ရပ်နားမည့် ကိုယ်ပိုင်ယာဉ်ငယ် များ၏ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့် သည့်  ရပ်နားခနှုန်းထားများဖြင့် ဝင်ရောက် ခွင့်ပြုထားရှိကြောင်းနှင့်      မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အား နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီ အတွင်း  ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ 


ဟိန်းထက်ဇော် (မြန်မာ့အလင်း)
ဓာတ်ပုံ - အိမ့်ဘီလီယံမောင်