ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၁၇)ကြိမ်မြောက် ဟိုချီမင်းနိုင်ငံတကာခရီးသွားပြပွဲသို့တက်ရောက်ရန် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်  စက်တင်ဘာ   ၆


ဗီယက်နမ်နိုင်ငံ    ဟိုချီမင်းမြို့၌ ကျင်းပမည့်   (၁၇) ကြိမ်မြောက် ဟိုချီမင်း   နိုင်ငံတကာခရီးသွား ပြပွဲသို့  တက်ရောက်ရန် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ရန်ကုန်မြို့တော်ဝန်   ဦးဗိုလ်ဌေး ဦးဆောင်သောအဖွဲ့သည်   ယမန် နေ့    ညနေပိုင်းက       ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ   ဟိုချီမင်းမြို့သို့  လေကြောင်းခရီးဖြင့်   ထွက်ခွာ သွားသည်။


ဒုတိယဝန်ကြီးနှင့်   ရန်ကုန် မြို့တော်ဝန်   ဦးဆောင်သောအဖွဲ့ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးမျိုး မြင့်အောင်၊   သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး  ဦးစောဂျက်ကော့ထူး နှင့် မိသားစုများက ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌  ပို့ဆောင် နှုတ်ဆက်ကြသည်။  


အဆိုပါ ကိုယ်စားလှယ်အဖွဲ့ တွင် ရန်ကုန်မြို့တော်   စည်ပင် သာယာရေးကော်မတီ၊ ကော်မတီရုံး ဌာနမှူး ဦးဉာဏ်လင်းစိုး၊ အင်ဂျင် နီယာဌာန   (အဆောက်အအုံ)၊ ဌာနမှူး      ဦးတင်မောင်ကြည်၊ ဟိုတယ်နှင့်    ခရီးသွားလာရေး ဝန်ကြီးဌာန   ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသန်းတို့   လိုက်ပါသွား ကြကြောင်း သိရသည်။


သတင်းစဉ်