ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံသို့ထွက်ခွာ

 

နေပြည်တော်  စက်တင်ဘာ  ၆


ရုရှားဖက်ဒရေးရှင်းနိုင်ငံ      ဗဟို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားမှုအရ  ရုရှားဖက်ဒရေး ရှင်းနိုင်ငံ        ဗဟိုရွေးကောက်ပွဲ ကော်မရှင်နှင့်     ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးရန်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ       ဒေသန္တရရွေးကောက်ပွဲ ကို    လေ့လာရန်     ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်   ဥက္ကဋ္ဌ ဦးသိန်းစိုး၊ အဖွဲ့ဝင် ဦးအောင်စော ဝင်းနှင့် ညွှန်ကြားရေးမှူး ဦးဇော် နောင်လတ်တို့သည် ယနေ့ညနေ ပိုင်းတွင် ရန်ကုန်မြို့မှ ရုရှားနိုင်ငံ မော်စကိုမြို့သို့ လေကြောင်းခရီး ဖြင့် ထွက်ခွာသွားကြသည်။  


အဆိုပါ ကိုယ်စားလှယ်အဖွဲ့ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့     ဥပဒေချုပ်      ဦးဌေးအောင် နှင့်         ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက        ရန်ကုန် အပြည်ပြည်ဆိုင်ရာ    လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်    ရုရှားဖက် ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင်နှင့် နားလည်မှုစာချွန် လွှာ       လက်မှတ်ရေးထိုးခြင်း၊ ဒေသန္တရရွေးကောက်ပွဲကို လေ့လာ ခြင်းအားဖြင့်    နှစ်နိုင်ငံအကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု    မြှင့်တင် နိုင်မည်ဖြစ်ပြီး      ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲ ကျင်းပပုံ လုပ်ငန်းစဉ်များ၊ မဲပေး ခြင်းလုပ်ငန်းစဉ်များနှင့် မဲရေတွက် ခြင်းလုပ်ငန်းစဉ်များကို လေ့လာ သိရှိနိုင်မည်ဖြစ်သည်။    အဆိုပါ ခရီးစဉ်သည် စက်တင်ဘာ ၆ ရက် မှ ၁၂ ရက်အထိ ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။      

သတင်းစဉ်