
ရန်ကုန် စက်တင်ဘာ ၅
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် မြန်မာနိုင်ငံ စာရေး ဆရာအသင်းတို့ ပူးပေါင်းပြီး စာပေနှင့် သတင်းမီဒီယာဆိုင်ရာ များအကြောင်း ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက် တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူး များက သတင်းမီဒီယာကဏ္ဍ၏ အရေးကြီးမှု၊ သတင်းတု၊ သတင်း မှားများအား ခွဲခြားနိုင်စေရေးနှင့် စာပေရေးရာများကို ဟောပြော ကြသည်။
အဆိုပါအခမ်းအနားသို့ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်း ၏ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း၊ အတွင်းရေးမှူး ဦးအောင်ပြည့်စုံ၊ တွဲဖက်အတွင်း ရေးမှူး ဦးသက်နိုင်ဦး၊ ပုဇွန် တောင်မြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်၊ ပုဇွန်တောင်မြို့နယ် တာဝန်ခံ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခင် နှင့် ပုဇွန်တောင်မြို့နယ်အတွင်း ရှိ အခြေခံပညာ အထက်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်