
ရန်ကုန် စက်တင်ဘာ ၂
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ကျင်းပသည့် (၇) ကြိမ် မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (Seventh ASEAN Ministerial Meeting on Sports AMMS-7 and Related Meetings ) သို့ တက်ရောက်ခဲ့ သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံအားကစား ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်အဝေးနှင့် ဆက်စပ်အစည်းအဝေးများ (Fourteenth ASEAN Senior Officials Meeting On Sports SOMS-14 and Related Meetings) သို့ တက်ရောက်ခဲ့သည့် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အဖွဲ့သည် ယနေ့ ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။
အဆိုပါအဖွဲ့များကို အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်