နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေ

 

နေပြည်တော်   သြဂုတ်   ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ်  ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏  သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားကြသည်။

(ယမန်နေ့မှအဆက်)
Sankei Shimbun သတင်းဌာနမှ ဒေါက်တာဇော်သန်းက    မိမိ အနေဖြင့်  မေးမြန်းလိုသည့်  မေးခွန်းနှစ်ခုရှိပါကြောင်း၊ အစောပိုင်းက ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောသွားသည့်အထဲတွင်လည်း ရွေးကောက်ပွဲ နှင့်ပတ်သက်သည့်  အကြောင်းအရာတော်တော်များများကို    ရှင်းလင်း ဖော်ပြသွားသည်ကိုလည်း  တွေ့ရပါကြောင်း၊   မိမိ၏  ပထမမေးခွန်း အနေဖြင့်  အနာဂတ်တွင်ကျင်းပမည့်      အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ လုံခြုံရေးအရ ပြည်သူလူထုကြားတွင် စိုးရိမ်မှုများဖြစ်ပေါ် လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိလို ကြောင်း၊    ဒုတိယမေးခွန်းအနေဖြင့်     ဒေါ်လာဈေးနှင့်ရွှေဈေးကို ထိန်းချုပ်နိုင်ရန်အတွက် Task Force  ဖွဲ့စည်းထားသည်ဟု  သိရှိရပါ ကြောင်း၊ ထိုအဖွဲ့၏ဆောင်ရွက်မှုများကို သိရှိလိုပါကြောင်း   မေးမြန်း သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိအနေဖြင့် သတင်းထောက်ကြီးမေးမြန်းသည့်မေးခွန်းနှစ်ခုအနက်  ပထမမေးခွန်းကို   ပြန်လည်ဖြေကြား မည်ဖြစ်ကြောင်း၊     ဒုတိယမေးခွန်းကိုမူ    ဗဟိုဘဏ်မှ   ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်မှ        ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း   အမျိုးသား ကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီကိုတင်ပြရာတွင် Option နှစ်ခုကို တင်ပြခဲ့ကြောင်း၊ ပထမအချက်မှာ လတ်တလောတွင်   အကြမ်းဖက်မှု များ ဖြစ်ပေါ်လျက်ရှိသေးသည့်အတွက်  အချို့သောနေရာများတွင် မတည်ငြိမ်မှုများရှိနေသေးကြောင်း၊    ထိုနေရာများကို      ချန်လှပ်၍ ရွေးကောက်ပွဲကျင်းပခြင်းဖြစ်ကြောင်း၊ ဒုတိယအချက်မှာ ရွေးကောက်ပွဲ ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဖြစ်မနေ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ရန်  မိမိတို့လုပ်ဆောင်ခဲ့ကြောင်း၊   ထိုကဲ့သို့ ဆောင်ရွက်နိုင်သည့်   အခင်းအကျင်းများရှိသည်ဟု   မိမိတို့ပြောခဲ့ ကြောင်း၊ အကျိုးအပြစ်များကိုလည်း မိမိတို့ပြောခဲ့ကြောင်း၊ ရွေးကောက်ပွဲ များကိုပြန်ကြည့်ပါက ၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ် ရှိကြောင်း၊  ယခင်က ရွေးကောက်ပွဲကို မြို့နယ်  ၃၃၀  မြို့နယ်တွင် လုပ်ခဲ့ ကြောင်း၊ ထို့နောက် ၃၂၅ မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၃၁၅ မြို့နယ်ဟူ၍ အသီးသီးကျင်းပလုပ်ဆောင်ခဲ့ကြောင်း၊   ထိုကဲ့သို့  ၃၁၅ မြို့နယ်တွင် ဆောင်ရွက်ခဲ့သော်လည်း အချို့သောတိုင်းရင်းသား များ၏  ဒေသများတွင်    မလုပ်ပေးနိုင်သဖြင့် တိုင်းရင်းသားများက ပြောဆိုခဲ့သည့်ကိစ္စများ ရှိခဲ့ကြောင်း၊ ယခုကဲ့သို့သောအချိန်တွင် မိမိတို့ အနေဖြင့် ရွေးကောက်ပွဲကို ကျင်းပပေးမည်ဆိုပါက ထို ၃၁၅ မြို့နယ် ထက်  လျော့နည်းသွားနိုင်ကြောင်း၊   အဓိကအားဖြင့် တိုင်းရင်းသား ပြည်သူများ၏   အခွင့်အရေးဆုံးရှုံးသွားနိုင်ကြောင်း၊     ထို့ကြောင့် စဉ်းစားသင့်သည်ဟု  ပြောခဲ့ကြောင်း၊   ဒုတိယအချက်ဖြစ်သည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ မဖြစ်မနေကျင်းပမည် ဆိုပါက     ရွေးကောက်ပွဲကာလအတွင်း   ခြိမ်းခြောက်မှုများနှင့် ဗုံးဖောက်ခွဲ၍ နှောင့်ယှက်တိုက်ခိုက်ခြင်းများကို   လုပ်ဆောင်လာနိုင် ကြောင်း၊     ရွေးကောက်ပွဲကျင်းပခြင်းမဟုတ်ဘဲ   ရွေးကောက်ပွဲ   ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သွားရောက်လေ့လာ ခြင်းများ ဆောင်ရွက်ရာ၌ပင် အကြမ်းဖက်မှုများနှင့် ကြုံတွေ့ရကြောင်း၊ အလားတူ   ကြိုတင်သန်းခေါင်စာရင်း   ကောက်ယူရာတွင်လည်း အကြမ်းဖက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်ကို   တွေ့မြင်နေရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် မိမိတို့၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက်  ပထမအချက်တွင်ပါဝင်သည့် အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက်    လုံခြုံရေးနှင့်ပတ်သက်၍ ဖြစ်စေ၊ တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ဖြစ်စေ   အလေးထား ဆောင်ရွက်မည်ဟု ဆိုသည့်အတိုင်း     ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်ပါက ကျန်ရှိသည့်အချိန်များတွင်    တိုးမြှင့်၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   ထိုသို့  ဆောင်ရွက်ရာတွင်လည်း မိမိတို့အနေဖြင့် ရွေးကောက်ပွဲကို    တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပနိုင်ရန်အတွက် လုံခြုံရေးကိုဆက်လက်တိုးမြှင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့နောက် ရွေးကောက်ပွဲနှင့်ပတ်သက်၍   လိုအပ် သည့်အခင်းအကျင်းများဖြစ်သည့် မဲစာရင်းမှန်ကန်နိုင်ရေး    အခင်း အကျင်းများနှင့် နည်းဥပဒေလုပ်ထုံးလုပ်နည်း မှန်ကန်နိုင်ရေး အခင်း အကျင်းများကိုလည်း    တစ်ပြိုင်နက်တည်း    ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်က ဖြည့်စွက်ဖြေကြားရာတွင် မိမိအနေဖြင့် သတင်းထောက်ကြီးမေးမြန်းခဲ့သည့် မေးခွန်းနှစ်ခုအနက် ဒုတိယမေးခွန်းကို  ဖြေကြားပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်  ရွှေဈေးနှုန်းနှင့် ငွေကြေးဈေးနှုန်းများ မြင့်တက်လာသည့် အချိန်မှသာ ထိုကိစ္စနှင့်ပတ်သက်သည့် အသင်းအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ခြင်းမဟုတ်ကြောင်း၊ ယခင်ကတည်းကပင် ထိုကိစ္စများ နှင့်ပတ်သက်သည့်အခြေအနေကို ပုံမှန်ထိန်းကျောင်းလျက်ရှိသည်ဟု ဦးစွာပြောလိုကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ယခု မိမိတို့ပြောသည့်လုပ်ငန်းကော်မတီကို ၂၀၂၁ ခုနှစ်  ဒီဇင်ဘာလ ၁၇ ရက်နေ့ကတည်းကပင်      ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊   ကုန်သွယ်မှုနှင့်  ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ ဟူ၍ရှိကြောင်း၊ ထိုကော်မတီ၏အောက်တွင် ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုမှန်ကန်မြန်ဆန်ရေး လုပ်ငန်းကော်မတီနှင့်  ရွှေနှင့် ငွေကြေး ဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီဟူ၍ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊    ထိုလုပ်ငန်းကော်မတီများ၏ အောက်တွင်လည်း  ဆပ်ကော်မတီများအနေဖြင့်     ရွှေဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးဆပ်ကော်မတီ၊ ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးဆပ်ကော်မတီနှင့် ငွေပေးချေမှုများ တွင်   ဘဏ်စနစ်အသုံးပြုမှုစိစစ်ကြပ်မတ်ရေး     ဆပ်ကော်မတီဟူ၍ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊   အဆိုပါလုပ်ငန်းကော်မတီများတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက    ဥက္ကဋ္ဌအဖြစ် ပါဝင်ပါကြောင်း၊     ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက လည်း    ဒုတိယဥက္ကဋ္ဌအဖြစ်    ပါဝင်ဆောင်ရွက်ပြီး    ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီ၏ တွဲဖက် အတွင်းရေးမှူးကလည်း  ထိုအဖွဲ့တွင် အတွင်းရေးမှူးအနေဖြင့်   ပါဝင် ဆောင်ရွက်နေသည်ဟုပြောလိုကြောင်း၊   ထိုကော်မတီအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိဌာနများနှင့်သာမက  UMFCCI ၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၊ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်း  စသည့် အသင်းအဖွဲ့များနှင့်ပါ ပေါင်းစပ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ငွေကြေး ဈေးကွက်နှင့်ပတ်သက်၍ လိုအပ်သည့်အချက်အလက်များ ကောက်ယူ ခြင်း၊ လိုအပ်သည်များနှင့်ပတ်သက်၍ စီမံ၍စောင့်ကြည့်ခြင်း၊  လိုအပ် သည့် အချက်အလက်များ ချပြခြင်းတို့ကို   ဆောင်ရွက်လျက်ရှိကြောင်း၊    ငွေကြေးဈေးကွက်ကို    ထိန်းသိမ်းရာတွင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ   Online  Trading ဆောင်ရွက်နေသည်ဟုဆိုသည့်အပိုင်း ဖြစ်ကြောင်း၊ သေချာပေါက်ပြောလိုသည်မှာ   မိမိတို့အနေဖြင့်     ထိုကိစ္စနှင့်ပတ်သက်၍ ငွေကြေးဈေးကွက်တွင်      တရားဝင်   အဓိကဈေးကွက်ကြီးရှိပြီး ထိုဈေးကွက်၏   ပြင်ပတွင်   တရားမဝင်   မှောင်ခိုဈေးကွက်ရှိကြောင်း၊   တရားဝင်ဈေးကွက်တွင် သင့်တင့်မျှတသည့်   ဈေးနှုန်း၊ မှန်ကန်သည့် ဈေးနှုန်းတစ်ခုကို ဖော်ဆောင်မည်ဖြစ်ပြီး  ဈေးကွက်ပမာဏအနေဖြင့် လည်း ကြီးမားသည့်   ဈေးကွက်ပမာဏရှိသည့်   ဈေးကွက်ဖြစ်ကြောင်း၊ ထိုဈေးကွက်ကြီး   မပျက်စီးစေရန် မိမိတို့အနေဖြင့်  Online  Trading  ဟုဆိုသည့်   ဈေးကွက်ဖြင့် ထိန်းလိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထိုဈေးကွက်မှာ မိမိအစောပိုင်းက   ပြောသကဲ့သို့    ကြီးမားသည့် ဈေးကွက်ကြီးဖြစ်သဖြင့် Exporter များ၊   Importer     များနှင့် ပတ်သက်၍  ထိန်းညှိ၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊   ထိုအွန်လိုင်း ဈေးကွက်မှာ မည်သည့်အခြေအနေအထိ အာမခံ၍ရသည်ကို   ပြောရ မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး  ပြောသွားသကဲ့သို့ FESC နှင့်  ပတ်သက်သည့် Import လိုင်စင်များနှင့် Export လိုင်စင်များ ထုတ်ပေးထားကြောင်း၊  FESC မှ ထုတ်ပေးထားသည့်  Import လိုင်စင်များနှင့်    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Trade  Policy အရ ထုတ်ပြန် ထားသည့် လိုင်စင်များဖြင့် နိုင်ငံခြားငွေပေးချေမှုအားလုံးနှင့် ပတ်သက် သည့်ကိစ္စအားလုံးကို Online  Trading တွင် ရရှိနိုင်စေရန်    ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့်   မိမိတို့အနေဖြင့်   ဈေးကွက်ပေါ်တွင် ရှိနေသည့်  ဈေးမှာ Market ဈေးဟု    ပြောလိုခြင်းဖြစ်ကြောင်း၊   ကျန်သည့် တရားမဝင် ဈေးကွက်မှငွေအားလုံး  မည်သည့်နေရာတွင်     ရှိနေမည်ဆိုသည်ကို သတင်းထောက်ကြီးအနေဖြင့်လည်း   ယခု လောက်ဆိုလျှင် ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း၊    တရားဝင်ဈေးနှုန်း အပေါ်တွင်   မူတည်၍  FESC၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  သက်ဆိုင်ရာဌာနများက ချပေးထားသည့် နိုင်ငံခြားငွေ လွှဲပြောင်းမှုအားလုံးမှာ မိမိတို့ပေးနိုင်သည့်အနေအထားရှိကြောင်း၊ အွန်လိုင်းဈေးကွက်အပေါ်တွင် မိမိတို့အနေဖြင့်   တချို့အရာများကို       ထိန်းညှိပေးထားကြောင်း၊ ဈေးကွက်ကမောက်ကမ   မဖြစ်စေရန် အတွက်   ထိန်းညှိပေးထားခြင်း ဖြစ်ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် ၎င်းတို့ပေးချေရမည့် သတ်မှတ်အချိန်မတိုင်မီ   အားလုံးရရှိနိုင်မည်ဖြစ် သည့်အတွက်    ကုန်ဈေးနှုန်းကို ဆွဲတင်ရန်မရှိဟု    ပြောလိုကြောင်း၊ Exporter များ  နိုင်ငံခြားငွေရသည်ဟု     ပြောကြပါကြောင်း၊  ရှေ့ပိုင်း တွင် ဒုတိယဝန်ကြီးများ    ပြောသွားသကဲ့သို့       ယခင်က ၆၅/၃၅ ရှိကြောင်း၊ မနှစ်က ယခုလိုအချိန်တွင် ယခုကဲ့သို့ပင် အများကြီးတက်ပါ ကြောင်း၊  အချက်အလက်များကို ပြန်ကြည့်လျှင်သိမည်ဖြစ်ကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ ယခင် မိမိမတိုင်မီတွင်ရှိနေခဲ့သည့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများ လက်ထက် ကပင် ယခုလိုပင် ထိန်းကျောင်းနေခဲ့ကြောင်း၊  ထိုအချိန်က  မိမိတို့ အနေဖြင့် ၆၅ / ၃၅ သတ်မှတ်ခဲ့ကြောင်း၊ ထိုအချိန်က ဆန်၊ ပဲ၊ ပြောင်း အပါအဝင် Exporter  များ အားလုံးရရှိသည့်ပမာဏကို    အမှန်တကယ် သာ တွက်ကြည့်မည်ဆိုပါက ၆၅/၃၅ ဖြစ်သည့်အတွက် ၆၅ က ၂၁၀၀၊ ၃၅ က ထိုအချိန်တွင် ၂၈၅၀  ရှိကြောင်း၊ ထိုအချိန်ကို ပြန်ကြည့်မည် ဆိုပါက ၎င်းတို့၏တန်ဖိုး(Average Rate)မှာ ၂၄၀၀ ပတ်ဝန်းကျင် တွင်သာရှိကြောင်း၊ ၆၅/၃၅ ကို FESC က သတ်မှတ်ခြင်းမှာ Exporter များအားလုံးက   ထိုအရာနှင့်ပတ်သက်၍   ရှုံးလို့မရသည့်အတွက် အားလုံးနှင့်တွက်၍ သတ်မှတ်ခြင်းဖြစ်ကြောင်း၊ FESC က သတ်မှတ် သည့် ဈေးနှုန်းအပေါ်မူတည်၍  မိမိတို့ဗဟိုဘဏ်က   လိုအပ်သည့် ကိစ္စများကို   ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊   ထိုသို့သတ်မှတ်ရာ တွင်လည်း  အကြောင်းမဲ့သတ်မှတ်ခြင်းမဟုတ်ဟု ပြောလိုကြောင်း၊ ကုန်ဈေးနှုန်းမတက်စေရန်အတွက် အဓိက  ထိန်းကျောင်းရသည့်အရာ မှာ  စက်သုံးဆီဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် စက်သုံးဆီ ဈေးနှုန်းမတက်စေရန် လုပ်ဆောင်ရကြောင်း၊ ကုန်ဈေးနှုန်းမတက်ရန် အတွက် ထိန်းကျောင်းနေသည့်အချိန်မှာ အဓိကအများဆုံးပါဝင် နေသည်မှာ စက်သုံးဆီပင်ဖြစ်ကြောင်း၊  ထို့ကြောင့်  စက်သုံးဆီနှင့် ပတ်သက်၍ ကုန်ဈေးနှုန်းမတက်ရန်  မိမိတို့က ဆောင်ရွက်ကြောင်း၊ ထိုအချိန်၌ နိုင်ငံတကာ၏ စက်သုံးဆီ ဈေးနှုန်းမြင့်တက်လျက်ရှိသည့် အခြေအနေကြောင့်  ပြည်တွင်း၌  စက်သုံးဆီဈေးနှုန်းအခြေအနေ အများကြီးမြင့်တက်မသွားရန် မိမိတို့က ဒီဇယ်ဆိုလျှင် ၅၀ ရာခိုင်နှုန်း ကို ၂၁၀၀ ကျပ်နှင့် ရောင်းကြောင်း၊ ကျန်သည့်   ၅၀  ရာခိုင်နှုန်းကို Market မှရောင်း၍ ၂၈၅၀ ကျပ်နှင့် ရှိနေကြောင်း၊   ၎င်းတို့ရသည့် ကုန်ကျစရိတ်မှာ ၂၄၅၀ ကျပ်ဝန်းကျင်ဖြစ်ကြောင်းကို မိမိအနေဖြင့် ထောက်ပြလိုကြောင်း၊  ထိုအချိန်မှစ၍ ဩဂုတ်လနောက်ပိုင်းတွင် စက်သုံးဆီအားလုံးကို   ပြည်ပမှ   ထွက်ဝယ်သည့်အတွက်ကြောင့် အားလုံးဈေးတွေတက်ကြောင်း၊  ထို့ကြောင့် အပြင်ဘက်မှာ  စက်သုံးဆီများကို   ထွက်မဝယ်ခိုင်းဘဲ                 ဗဟိုဘဏ်ကနေ Franchising  ပေးခြင်းများ၊ တချို့ကို ရောင်းချပေး ခြင်းများကို လုပ်လိုက်သည့်အချိန်တွင် ကုန်ဈေးနှုန်း မည်မျှတည်ငြိမ် ခဲ့သည်ကို အားလုံးအသိပဲ ဖြစ်ပါကြောင်း၊ ထိုအချိန်တွင် ၆၅၊ ၃၅ မှ ၅၀၊ ၅၀ သို့ ဖြေလျှော့ပေးမှုမစခင် ဈေးနှုန်းမှာ ၂၇၀၀ ကျပ်ထိ ကျခဲ့ ကြောင်း၊ ယင်းအပေါ်မှာ  ဈေးကစားလာသည့်သူများ   ရှိလာသည့် အတွက်ကြောင့် ပြန်တက်လာသည့် ဈေးနှုန်းမှာ ၂၈၅၀ ကျပ် ဖြစ်သွား သည်ကို တွေ့ရကြောင်း၊ ထိုအချိန်တွင် မျှခြေဖြစ်သွားသည့်အတွက် ၂၈၅၀ ဝန်းကျင်တွင် အကြာကြီးဖြစ်နေကြောင်း၊  ၅၀၊ ၅၀ ပေးမည့် အချိန်မတိုင်ခင်က မိမိတို့မသိသေးသော်လည်း အပြင်၌ ကောလာဟလ များ ထွက်နေကြောင်း၊ ထိုအချိန်၌ မိမိတို့ကော်မတီက ဈေးနှုန်းနှင့် ပမာဏများကို သုံးသပ်နေကြောင်း၊ အားလုံးကိုခြုံကြည့်ပြီး ၅၀၊ ၅၀ ပေးလိုက်သည့်အခါ ဖြစ်ရမည့်ဈေးနှုန်း  Fair Price ၂၇၀၀ ရသည့် အချိန်တွင် Exporter တွေက ၂၀၅၀ ရသွားမည်ဖြစ်ကြောင်း၊ သို့သော် ၂၇၀၀ ဖြစ်သွားမည်  စိုးသည့်အတွက် ထိုဈေးနှုန်းကို ထိုအချိန်ကတည်း ကစပြီး ဆွဲတင်လိုက်သည်ကို သတိပြုစေလိုသည့်အတွက် ပြောခြင်း ဖြစ်ကြောင်း၊ ငွေကြေးဈေးကွက်နှင့်ပတ်သက်၍ ဗဟိုဘဏ်၏ ရည်ညွှန်း ဈေးနှုန်းမှာ ၂၁၀၀ ကျပ် ဖြစ်ကြောင်း၊ Exporter  နှင့်   Importer ဖြစ်သည့်   စက်သုံးဆီသမားများအပေါ်မူတည်၍ ၂၁၀၀ ဈေးနှင့် မိမိတို့လုပ်ထားကြောင်း၊  ပျမ်းမျှသည် Market ဈေးဖြစ်ပြီး Market ဈေးအရ ပြန်ပြီးတွက်ရခြင်းဖြစ်သည့်အတွက်ကြောင့် Market ဈေး သည် ကျပ် ၂၉၀၀ ဖြစ်ကြောင်း၊ အများဆုံး ကျပ် ၂၉၂၀ နှင့်  ၂၉၂၂ အတွင်းဖြစ်ရန် မိမိတို့ထိန်းညှိပြီး ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဒီဈေးက  အနီးစပ်ဆုံးဖြစ်သည်ကို   ငွေဈေးကွက်နှင့်ပတ်သက်ပြီး   ပြောလိုကြောင်း၊ ရွှေဈေးကွက်နှင့်ပတ်သက်၍ ရွှေဈေးကွက်ကလည်း အရင်က ငွေကြေးဈေးကွက်နှင့်အတူ  တက်နေသည့် အနေအထား တွေ့ရကြောင်း၊ ထိုအချိန်တွင်  မိမိတို့က   ရွှေနှင့်ပတ်သက်၍လေ့လာပြီး ဆွေးနွေးသည့်အခါ တွေ့ရသည်က ရွှေကိုမိရိုးဖလာဈေးနှင့် လုပ်ခဲ့ကြ သည့်အတွက်ကြောင့် ထိုရွှေနှင့်ပတ်သက်၍ တွက်သည့် တွက်ချက် နည်းကို မိမိတို့ကြည့်ပါကြောင်း၊ ထိုရွှေရဲ့ One Troy Ounce မှာ ရှိနေ သည့် နိုင်ငံတကာဈေးနှုန်းကနေမှ   ဒေါ်လာဈေးနှုန်းကို  သွားပါ ကြောင်း၊ ထို One Troy Ounce မှာရှိနေသည့်ဈေးနှုန်းကို မြန်မာနိုင်ငံ မှာရှိနေသည့် Market ဈေးနှုန်းနှင့် မြှောက်ပါကြောင်း၊  ထို့နောက် One Troy Ounce  မှာရှိသည့်   ကျပ်သားနှင့်စားပါကြောင်း၊ ထိုနေရာ၌ ပြဿနာတစ်ခုရှိကြောင်း၊  မိမိတို့အစိုးရက  သတ်မှတ်ထားသည့် Standard သည် One Troy Ounce နှင့်ပတ်သက်ပြီး ၁ ဒသမ ၉၀၄၇ ကျပ်သားရှိပါကြောင်း၊ သို့သော် ၎င်းတို့၏ မိရိုးဖလာဈေးနှုန်းအရ တွက်လျှင်   One Troy Ounce ကို ၁  ဒသမ  ၈၇၅ နှင့်  စားပါကြောင်း၊ စားခြေကြီးသည့်ပေါ်မှာမူတည်၍ ဈေးနှုန်းက တွက်ခြင်းဖြစ်ကြောင်း၊  ထိုသို့တွက်သည်ဟု ပြောသည့်အတွက်ကြောင့် မိမိတို့က ထိုနည်း အတိုင်းသာ ထိန်းကျောင်းပါကြောင်း၊ ကမ္ဘာ့ရွှေဈေးတက်လာသည့်အခါ မိမိတို့ဒေါ်လာများသည် ၂၈၅၀ ပဲဖြစ်ကြောင်း၊ ကျန်သည့်ကုန်ဈေးနှုန်းပဲ တက်တက် ၂၈၅၀ ဝန်းကျင်ခန့်မှာပင် တစ်နှစ်နီးပါး ထိန်းထားသည့် အနေအထားနှင့်ပတ်သက်ပြီး ပြောလိုခြင်းဖြစ်ကြောင်း၊  ထိုအချိန်၌ မိရိုးဖလာဈေးနှင့်လုပ်ခဲ့သူများသည် ကမ္ဘာ့ရွှေဈေးပေါ်မှာမူတည်၍ လိုက်တက်ကြောင်း၊ ကမ္ဘာ့ရွှေဈေး One Troy Ounce ၂၀၀၀  ကျော် လျှင် ထိုအတိုင်းတက်ကြောင်း၊ ကမ္ဘာ့ရွှေဈေး  ရုတ်တရက်ကျသွား သည့်အချိန်တွင် ဒေါ်လာဈေးမကျကြောင်း၊ သို့သော်   ၎င်းတို့၏ ရွှေဈေးက မကျသည့်အနေအထားကို မိမိတို့သွားတွေ့ရပါကြောင်း၊ ယခုကမ္ဘာ့ရွှေဈေးက ပြန်ကျသည့်အခါ၊ ပြန်ကျလာမည့်အရိပ်အယောင် မြင်သည့်အခါ ရွှေနှင့်ငွေဆက်စပ်ပြီး ငွေဈေးကိုပါ လိုက်တက်လာ သည့်အနေအထားကို တွေ့ရကြောင်း၊ ရွှေဈေး၊ ငွေဈေးတက်သည် နှင့်ပတ်သက်၍ အဓိကမှာ ကောလာဟလကြောင့်တက်သည့် အချက် များလည်း အများကြီးပါသည်ကို တွေ့ရကြောင်း၊ ယခု  ကမ္ဘာ့ရွှေဈေး ကြီးက ကျလာသည့်အချိန် ၎င်းတို့က မိမိတို့ကို ပုံသေနည်းအတိုင်းသွားမည်ဟုပြောကြောင်း၊ ပုံမှန်ပုံသေနည်းအတိုင်း သွားမည်ဆိုလျှင် မြှောက်ရမည်မှာ ဒေါ်လာဈေးနှုန်းဖြစ်ကြောင်း၊ ထိုသို့မြှောက်ရမည့် အချိန်တွင် ဆွဲတင်ထားသည့် မှောင်ခိုဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်း မြှောက်၍  မရကြောင်းကို Market ပေါက်ဈေးနှင့်ပတ်သက်ပြီး မိမိအတိအလင်းပြောပြီးပြီဖြစ်ကြောင်း၊ အနီးစပ်ဆုံး  Online  Trade  ပေါ်ရှိ Market ပေါက်ဈေးကိုသာယူပါဟု ပြောလိုကြောင်း၊   ထို့ကြောင့်  ၂၉၂၀ ဆိုလျှင်၂၉၂၀ ပဲယူစေလိုကြောင်း၊ ယနေ့ဆိုလျှင် ကမ္ဘာ့ရွှေဈေး သည် One Troy Ounce မှာ ၁၈၉၄ ဒသမ ၅၅ ရှိကြောင်း၊ မိမိတို့၏ Exchange Rate က ၂၉၂၀ ဖြစ်သည့်အတွက်ကြောင့် ထိုပေါ်မှာမူတည် ပြီး များသည့်၎င်းတို့၏ Standard နှင့်ပဲ  တွက်ကြည့်မည်ဆိုလျှင် ၂၉၅၀၀၀၀ ထက်မကျော်သည်ဟု ပြောလိုကြောင်း၊ ထိုရွှေဈေးနှင့် ပတ်သက်၍  ယခုကဲ့သို့ ဈေးလျှော့ပေါ့ပြီးသွားနေသည့်အပေါ် မူတည် ၍   အားလုံးသုံးသပ်ရန်လည်း ပြောလိုကြောင်း၊ ရွှေဆိုင်များနှင့်ပတ်သက် ၍ မေးကြည့်သည့်အခါ ၎င်းတို့အနေနှင့် ထိုပေါ်လာသည့်ဈေးနှုန်းသည် ၎င်းတို့၏ဈေးနှုန်းမဟုတ်ဘူးဟုပြောကြောင်း၊ ထိုဈေးနှုန်းများအားလုံး သည် Online ပေါ်မှာမူတည်ပြီး ထွက်လာသည့် ဈေးနှုန်းဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ယင်းအပေါ်မူတည်ပြီး   မစိုးရိမ်ဘဲ သင့်တင့် လျောက်ပတ်စွာ ဝယ်ခြင်း၊ ရောင်းခြင်းများကိုလုပ်ရန် ပြောလိုကြောင်း ဖြေကြားသည်။                                                       သတင်းစဉ်