
နေပြည်တော် မတ် ၁၄
ပဲခူးမြို့နှင့် မိုးဗြဲမြို့တို့တွင် ဆူပူ အကြမ်းဖက်သူများကို လူစုခွဲစဉ် ပြန်လည်ခုခံသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ နယ် လိပ်ပြာကန်ရပ်ကွက်၊ မဂ္ဂတစ်လမ်းဆုံ၌ ဦးဆောင်သူ (စိစစ်ဆဲ) လူစုလူဝေးအင်အား ၁၀၀ ခန့်သည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ က အများပြည်သူ သွား လမ်းမအား အတားအဆီး များဖြင့် ကာရံပိတ်ဆို့ပြီး သွားလာ ၍ မရအောင်ပြုလုပ်၍ နိုင်ငံတော် ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်ကြွေးကြော်ကာ ဆူပူ အော်ဟစ် ဆန္ဒပြနေကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် အခြေ အနေအား ဥပဒေနှင့်အညီ ထိန်းသိမ်းနိုင်ရေး သွားရောက် ဆောင်ရွက်ခဲ့ရကြောင်း။
အဆိုပါ ဆူပူဆန္ဒပြလူစု လူဝေးများအား လူစုခွဲရန် ဥပဒေ နှင့်အညီ ညှိနှိုင်းဖြေလျှော့ခဲ့သော် လည်း လိုက်နာမှုမရှိဘဲ ဖြေလျှော့ နေစဉ် အတွင်းမှာပင် လူအုပ်စု အတွင်းမှ အုတ်ခဲ၊ ကျောက်ခဲ၊ လောက်လေးခွ၊ သေနတ် (စိစစ် ဆဲ) တို့ဖြင့် အကြမ်းဖက်ရန်ပြု ပစ်ခတ်ခဲ့ရာ ဒုရဲအုပ် ကျော်နိုင်ဦး မှာ ယာဘက်ရင်ဘတ် ထိခိုက် ဒဏ်ရာရရှိကာ ကျဆုံးခဲ့ပြီး ရဲတပ်သား တင်ဇာမျိုး၊ ရဲတပ်သား ရဲလင်းအောင်နှင့် ရဲတပ်သား အောင်ကျော်လင်း တို့မှာ ထိခိုက် ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အဓိကရုဏ်း နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့် အညီ ခြောက်လှန့်ပစ်ခတ်၍ လူစုခွဲခဲ့ရကြောင်း။
ဆူပူဆန္ဒပြသူ လူအုပ်စု အတွင်းမှ အမျိုးသား ၃ ဦး (စိစစ် ဆဲ) မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရပြီး ဆူပူဆန္ဒပြသူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၇ ဦးတို့အား ဖမ်းဆီး ထိန်းသိမ်းရမိခဲ့သည့် အတွက် ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း။
ဆူပူအကြမ်းဖက်မှု ဖြစ်စဉ် အတွင်း ထိခိုက်ဒဏ်ရာရရှိကာ ကျဆုံးခဲ့သူ ဒုရဲအုပ် ကျော်နိုင်ဦး၏ ခန္ဓာကိုယ်အား ခွဲစိတ်စစ်ဆေးရာ ဝဲဘက်လက်မောင်း အနောက် ဘက်အား ရှပ်ထိပြီး နံရိုး နံပါတ် ၈ နှင့် ၉ ကြားမှ ဖောက်ဝင်ကာ အူလမ်းကြောင်းအား ဖြတ်၍ ဆီးအိမ်အနီး၌ ကျည်ဆန်ထိပ်ဖူး အား တွေ့ရှိရကြောင်း၊ တွေ့ရှိရ သည့် ကျည်ဆန်ထိပ်ဖူးမှာ ပွိုင့် ၂၂ ကျည်ဆန်ထိပ်ဖူးဖြစ်ပြီး အမဲပစ် သေနတ်များတွင် အသုံးပြုပစ်ခတ် သော ကျည်အမျိုးအစားဖြစ် ကြောင်း၊ ဒဏ်ရာရရှိမှုအနေ အထားအရ လုံခြုံရေးတပ်ဖွဲ့ဝင် များအား အဆောက်အဦ အမြင့် တစ်ခုမှနေရာယူ၍ ပစ်ခတ်သည် ဟု သုံးသပ်တွေ့ရှိရကြောင်း၊ ကျန်ဒဏ်ရာရရှိသူ ရဲတပ်ဖွဲ့ဝင် ၃ ဦး၏ ဒဏ်ရာများနှင့် ပတ်သက် ၍လည်း စိစစ်လျက်ရှိကြောင်း။
အလားတူ ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ မိုးဗြဲ-ပီကင်းသွား ကားလမ်းမပေါ်၌ ဦးဆောင်သူ (စိစစ်ဆဲ)၊ ဆူပူဆန္ဒ ပြသူ အင်အား ၃၀၀ ခန့်သည် ကားလမ်းမအား ပိတ်ဆို့ကာ နိုင်ငံတော် ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်၍ ဆူပူအော်ဟစ် ဆန္ဒပြနေကြ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အခြေအနေအား ဥပဒေနှင့်အညီ ထိန်းသိမ်းနိုင်ရေး သွားရောက် ဆောင်ရွက်ခဲ့ရကြောင်း။
လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ အဆိုပါ ဆူပူဆန္ဒပြလူစုလူဝေးများ အား လူစုခွဲရန် ညှိနှိုင်းဖြေလျှော့ ခဲ့သော်လည်း လိုက်နာမှုမရှိသည့် အပြင် လူအင်အား ၁၅၀ စီဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ရှေ့နောက် ပိတ်ဆို့ဝန်းရံကာ အုတ်ခဲ၊ လေးခွတို့ဖြင့် အကြမ်း ဖက် ရန်ပြုပစ်ခတ်ခဲ့သဖြင့် ဒုရဲမှူး သန်းလွင် ဝဲဘက်ခြေသလုံး ပေါက်ပြဲ၊ ရဲတပ်သား မင်းသိန်း ထွေး နဖူးထိမှန်ဒဏ်ရာ၊ ဒုတပ်ကြပ် ကျော်ဌေးနိုင် နဖူး ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့သုံး မော်တော် ယာဉ် ၄ စီးတွင် လေကာမှန်ကွဲ၊ ကားဘော်ဒီများ ပွန်းပဲ့ပျက်စီးခဲ့ရ သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း နှိမ်နင်းရေးလုပ်ငန်း စဉ်များနှင့်အညီ ခြောက်လှန့် ပစ်ခတ်၍ လူစုခွဲခဲ့ရာ မွန်းတည့် ၁၂ နာရီတွင် လူစုကွဲသွားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်