
တိုကျို သြဂုတ် ၉
အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတစ်ခုသည် ပစိဖိတ်သမုဒ္ဒရာရှိ ဂျပန်နိုင်ငံ အိုဂါဆာဝါရာကျွန်း သို့ ယခုသီတင်းပတ်နှောင်းပိုင်းတွင် ချဉ်းကပ် လာမည်ဟု မျှော်လင့်ရသည်။ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း လန်သည် သြဂုတ် ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် အဆိုပါ ကျွန်းအနီးရှိ ရေပြင်ကိုဖြတ်၍ အနောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားသွားမည်ဖြစ်သည်။
လန်သည် အလယ်ဗဟိုလေထုဖိအား ၉၈၅ ဟက်တိုပါစကယ်ရှိသည်။ အလယ်ဗဟို ဆုံချက်အနီး တွင် တစ်နာရီလျှင် လေတိုက်နှုန်း ၉၀ ကီလိုမီတာ အထိရှိပြီး အလယ်ဗဟိုတွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၂၆ ကီလိုမီတာရှိသည်။ မုန်တိုင်းသည် တဖြည်းဖြည်း အားကောင်းလာလျက်ရှိပြီး အနောက် မြောက်ဘက်သို့ ရွေ့လျားသွားနိုင်ဖွယ်ရှိကာ သြဂုတ် ၁၀ ရက်မှ ၁၂ ရက်ကြားတွင် အိုဂါဆာဝါရာကျွန်းသို့ ချဉ်းကပ်လာဖွယ်ရှိသည်။
သြဂုတ် ၁၀ ရက်တွင် အဆိုပါကျွန်း၌ လေပြင်း များ တစ်နာရီလျှင် ၇၉ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်သွားမည်ဖြစ်သည်။ သြဂုတ် ၁၁ ရက်တွင် လေပြင်းများသည် တစ်နာရီလျှင် ၉၀ မှ ၁၀၄ ကီလို မီတာအထိ တိုက်ခတ်သွားမည်ဖြစ်ကြောင်း သိရ သည်။ ပင်လယ်ရေများသည် သြဂုတ် ၁၃ ရက်အထိ အတက်ကြမ်းမည်ဖြစ်သည်။ အဆိုပါကျွန်းတွင် သြဂုတ် ၁၀ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်သည်။ သြဂုတ် ၁၁ ရက်အထိ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀၀ မှ ၂၀၀ မီလီမီတာ အထိရှိမည် ဖြစ်သည်။
အင်န်အိတ်ချ်ကေ