ဂျပန်နိုင်ငံ၏ အမြင့်ဆုံးအဆောက်အအုံ တည်ဆောက်မှုပြီးဆုံး

တိုကျို    သြဂုတ်  ၈ 


ဂျပန်နိုင်ငံ   တိုကျိုမြို့၌  တည်ဆောက်လျက်ရှိသော အရှည်   ၃၃၀   မီတာရှိ  အမြင့်ဆုံး    အဆောက်အအုံ တည်ဆောက်မှုမှာ    ပြီးဆုံးခဲ့ပြီဖြစ်သည်။   အဆိုပါ   အဆောက်အအုံ    အပြီးသတ်တည်ဆောက်ခြင်းကို     သြဂုတ် ၈ ရက်က မီဒီယာသို့ ပြသခဲ့သည်။ 


အဆောက်အအုံသည်   မြေပေါ်    ၆၄  ထပ်ရှိပြီး  မြေအောက်ထပ်  ၅ ဆင့် ရှိသည်။  အဆိုပါအဆောက် အအုံသည်    မြို့တော်တိုကျို   မီနာတိုရပ်ကွက်ရှိ   မိုရီအဆောက်အအုံနှင့်   တခြားစီးပွားရေးလုပ်ငန်း များမှ    တီထွင်ထားသည့်    အဇာဘူဒေးဟေးလ် အဆောက်အအုံ၏    အဓိကအစိတ်အပိုင်းတစ်ခုဖြစ် သည်။ 


တခြားအထပ်မြင့် အဆောက်အအုံနှစ်ခုနှင့်အတူ အဆိုပါမိုးမျှော်တိုက်သည် ရုံးခန်းများ၊ လူနေအိမ်များ၊  ဇိမ်ခံဟိုတယ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံ များ ပါမည်ဖြစ်သည်။  အလုပ်သမားနှင့် နေထိုင်သူ ပေါင်း ၂၀၀၀၀ ခန့် နေထိုင်နိုင်မည်ဖြစ်သည်။ 


အဆိုပါအဆောက်အအုံသည်     သဘာဝဘေး အန္တရာယ်ခိုလှုံရာ အချက်အချာနေရာတစ်ခုဖြစ်လာ မည်ဖြစ်ပြီး အိုးအိမ်အခက်အခဲဖြစ်နေသူ ၃၆၀၀ ခန့် ကို နားခိုရာနေရာများ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ 
အဆိုပါမိုးမျှော်တိုက်ကြီးကို နိုဝင်ဘာ ၂၄ ရက် တွင်  ဖွင့်လှစ်သွားမည်ဖြစ်သည်။ 


မိုရီအဆောက်အအုံဥက္ကဋ္ဌနှင့် စီအီးအိုဆူဂျီရှင်ဂို က အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ လူမျိုးမရွေး၊ လူအမျိုးမျိုး အဆိုပါမိုးမျှော်တိုက်ကို အသုံးပြုနိုင်ရန်   မျှော်လင့်ကြောင်း    ပြောသည်။      ထို့ပြင်   တိုကျို၏ ယှဉ်ပြိုင်နိုင်စွမ်းကို ကမ္ဘာ့အတိုင်းအတာ စံနှုန်းအတိုင်း    မြှင့်တင်လိုကြောင်းလည်း သူကပြောသည်။


ယခုအဆောက်အအုံမတိုင်မီ  ယခင်က အိုဆာကာ ရှိ အာဘေးနိုဟာ ရူကက်စ်သည် အမြင့်ဆုံး အဆောက် အအုံဖြစ်ကာ မီတာ ၃၀၀ ရှိသည်။ 


အင်န်အိတ်ချ်ကေ