ဘဏ္ဍာရေးဝန်ကြီးဟောင်းကို ဝန်ကြီးချုပ်သစ်အဖြစ် နိုင်ဂျာအစိုးရ ခန့်အပ်

 

နီယာမေ   ဩဂုတ်   ၈


နိုင်ဂျာအစိုးရက ဘဏ္ဍာရေးဝန်ကြီးဟောင်း   ဇိုင်နီကို ဝန်ကြီးချုပ်သစ် အဖြစ်   ခန့်အပ်လိုက်ကြောင်း  နိုင်ဂျာသတင်းဌာန   အေအင်န်ပီက    ဩဂုတ်  ၇  ရက်တွင် ဖော်ပြခဲ့သည်။ နိုင်ဂျာအစိုးရပြောရေးဆိုခွင့်ရှိသူ က အဆိုပါ ဝန်ကြီးချုပ်သစ် ခန့်အပ်မှုနှင့်ပတ်သက်ပြီး ဩဂုတ် ၇  ရက် နှောင်းပိုင်းတွင်  ရုပ်မြင်သံကြား၌ ထုတ်ပြန်ကြေညာခဲ့သည်။ 


နိုင်ဂျာနိုင်ငံ၏   တတိယအကြီးဆုံးမြို့တော်ဖြစ်သော   ဇင့်ဒါတွင် ၁၉၆၅ ခုနှစ်က မွေးဖွားခဲ့သော ဇိုင်နီသည် အာဖရိကဖွံ့ဖြိုးရေးဘဏ်သို့ မဝင်ရောက်မီ  သမ္မတဟောင်း  မိုဟာမက်ဒူတန်ဂျားလက်ထက်တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ 


အမေရိကန် ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး  ဗစ်တိုးရီး ယားနူလန်းသည်   အကျပ်အတည်းကို စေ့စပ်ညှိနှိုင်းအဖြေရှာနိုင်ရေး အတွက်    နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်နှင့်   တွေ့ဆုံရန်   ဩဂုတ်  ၇ ရက်က နီးယားမေသို့ အရေးပေါ်သွားရောက်ခဲ့သော်လည်း  အချည်းနှီး သာ ဖြစ်ခဲ့ကြောင်း သိရသည်။          

                                     
ဆင်ဟွာ