
လီလွန်ဂွေးလ် ဩဂုတ် ၈
ရောဂါကူးစက်ဖြစ်ပွားမှု လွန်ခဲ့ သည့် သုံးလအတွင်း ကျဆင်းလာ သောကြောင့် အာဖရိကနိုင်ငံ တောင်ပိုင်းရှိ ကာလဝမ်းရောဂါမှာ အမျိုးသား ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေမဟုတ် တော့ကြောင်း မာလာဝီနိုင်ငံက ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ် သည်။
ကြေညာချက်ထုတ်ပြန်
အဆိုပါ ဆုံးဖြတ်ချက်သည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ သတ်မှတ်ချက်များနှင့် ကိုက်ညီ ကြောင်း ပြောကြားကာ ကျန်းမာ ရေးဝန်ကြီး ခွမ်ဘီဇီကန် ဒိုဒိုချီပွန် ဒါက ဩဂုတ် ၇ ရက်တွင် ထုတ် ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၂ ရက် နောက်ပိုင်း မာလာဝီနိုင်ငံသည် နိုင်ငံ၏ အဆိုး ရွားဆုံး ကာလဝမ်းရောဂါဖြစ်ပွား မှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ၎င်းကို ပြည်သူ့ကျန်းမာရေး အရေးပေါ်တစ်ရပ်အဖြစ် သမ္မတ လာဇရုစ်ချော့ခ်ဝီရာက ကြေညာ ချက်ထုတ်ပြန်ခဲ့ရသည်။
ရောဂါကူးစက်မှု ထိန်းချုပ်ထား
ယခုနှစ် ဇူလိုင်လနောက်ပိုင်း အဆိုပါ ရောဂါကြောင့် သေဆုံးသူ ငါးဦးထက်မနည်း ရှိခဲ့ကြောင်းနှင့် မာလာဝီနိုင်ငံ၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ် ၇ ရက် အထိ ကာလဝမ်းရောဂါ ကူးစက် ဖြစ်ပွားသူ ၅၈၉၈၁ ဦးနှင့် သေဆုံး သူ ၁၇၆၈ ဦးရှိကြောင်း သိရ သည်။ မာလာဝီနိုင်ငံရှိ ၂၉ ခရိုင် အနက် ၂၆ ခုမှာ ရောဂါကူးစက် ဖြစ်ပွားမှုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းနှင့် ကျန်ခရိုင်သုံးခု မှာလည်း တစ်ရက်လျှင် ရောဂါ ကူးစက်ဖြစ်ပွားသူ ငါးဦးအောက် သာ တွေ့ရှိကြောင်း ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရ သည်။
ဆင်ဟွာ