နိုင်ဂျာနိုင်ငံဖြစ်စဉ်အကြောင်း တစေ့တစောင်းနဲ့ဆက်စပ်စဉ်းစားမိသမျှ . . .

Type
5

 

ကိုပြည်ချစ်

၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်တွေမှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းဟာ အတော်လေးလှုပ်ရမ်းမှုတွေ ဖြစ်ပါတယ်။ ရုရှား−ယူကရိန်း ပဋိပက္ခဟာ ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးသတင်းတွေမှာ နေရာအတော်များများ ယူထားပါတယ်။ အခုနောက်ဆုံးဖြစ်ခဲ့တဲ့ နိုင်ဂျာနိုင်ငံဖြစ်စဉ်ကလည်း စိတ်ဝင်စားစရာ ကမ္ဘာ့သတင်းအဖြစ် နေရာယူလာပါတယ်။ သာမန်ကြည့်လိုက်ရင် နိုင်ဂျာတပ်မတော်က နိုင်ငံတော်အာဏာ ရယူလိုက်တယ်ဆိုပေမယ့် နောက်ကွယ်မှာ အကြောင်းတရားတွေ များစွာ ရှိနေနိုင်ပါတယ်။
နိုင်ဂျာနိုင်ငံဆိုတာ အနောက်အာဖရိကမှာရှိတဲ့ ကုန်းတွင်းပိတ် နိုင်ငံလေးတစ်နိုင်ငံ    ဖြစ်ပါတယ်။ အရှေ့မြောက်ဘက်မှာ လစ်ဗျားနိုင်ငံ၊ အရှေ့ဘက်မှာ ချဒ်ပြည်သူ့သမ္မတနိုင်ငံ၊  တောင်ဘက်မှာ  နိုင်ဂျီး ရီးယားနိုင်ငံ၊ အနောက်တောင်ဘက်မှာ ဘာကီနာ ဖာဆိုနဲ့  ဘီနင်နိုင်ငံ၊ အနောက်ဘက်မှာ  မာလီနိုင်ငံ၊ အနောက်မြောက်ဘက်မှာ အယ်ဂျီးရီးယားနိုင်ငံတို့ ရှိနေကြပါတယ်။ ၂၀၂၁ ခုနှစ်    ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ စာရင်းအရ လူဦးရေ   ၂၅ သန်းကျော် ရှိပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းအချို့ လည်း လုပ်ကိုင်ကြပါတယ်။
နိုင်ဂျာနိုင်ငံမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်မှာ တော့   နိုင်ငံရေးအပြောင်းအလဲတစ်ခု      ဖြစ်သွား ခဲ့ပါတယ်။    ဗိုလ်ချုပ်ကြီး    အဗ္ဗဒူဟာမန်တီချနီ ဦးဆောင်တဲ့    နိုင်ဂျာတပ်မတော်က     နိုင်ငံတော် အာဏာကို ရယူလိုက်ပါတယ်။ လုံခြုံရေးအခြေအနေ ယိုယွင်းလာတာနဲ့ လူမှုစီးပွားချို့ယွင်းလာတာတွေ ကို ကာကွယ်ဖို့အတွက် နိုင်ငံတော်အာဏာကို ရယူ ခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံကနေ  ကြေညာ ခဲ့ပါတယ်။   သူကိုယ်တိုင်လည်း      နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ အမျိုးသားကောင်စီရဲ့ ဥက္ကဋ္ဌ တာဝန်ကိုယူထားကြောင်း  သတင်းတွေကဆိုပါ တယ်။   နိုင်ဂျာနိုင်ငံဟာ       နိုင်ငံတောင်ပိုင်းမှာ အစ္စလာမ်စစ်သွေးကြွတွေရဲ့   ပုန်ကန်မှုနဲ့    နိုင်ငံ တစ်ဝန်းရှိ ပြည်သူတွေဟာလည်း    ကုန်ဈေးနှုန်း ကြီးမြင့်လာမှုဒဏ်ကို       ခံစားနေကြရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
မုန်းတီးစိတ်တွေ အမြစ်တွယ်နေ
နိုင်ဂျာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မာလီနဲ့   ဘာကီနာဖာဆို    နိုင်ငံသုံးနိုင်ငံတို့ဟာ ကိုလိုနီအင်အားကြီးနိုင်ငံ     တစ်နိုင်ငံဖြစ်ခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ ကိုလိုနီနိုင်ငံတွေ ဖြစ်ခဲ့ကြပါတယ်။ အခုလို နိုင်ဂျာတပ်မတော်က  နိုင်ငံတော်အာဏာ ရယူလိုက်တာနဲ့ပတ်သက်လို့    ကန့်ကွက်သူတွေ ရှိသလို   ထောက်ခံသူတွေလည်း     ရှိပါတယ်။ ထောက်ခံတဲ့ ပြည်သူတွေဟာ အရင်က    နိုင်ဂျာ နိုင်ငံကို ကိုလိုနီပြု အုပ်ချုပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံကို ဆန့်ကျင်ဆန္ဒပြဖို့ မြို့တော် Niamey မှာ    စုဝေးခဲ့ ကြတာတွေ၊ တချို့က ရုရှားအလံတွေကို ဝှေ့ယမ်းကိုင်ဆောင်ခဲ့ကြတာမျိုးတွေ ရှိခဲ့ပါတယ်။ နိုင်ဂျာနဲ့ အရင်က ကိုလိုနီဖြစ်ခဲ့ဖူးတဲ့  အနောက်အာဖရိက နိုင်ငံအချို့က   ပြည်သူတွေမှာ    ပြင်သစ်အပေါ် မုန်းတီးစိတ်တွေ အမြစ်တွယ်နေပါတယ်။
နိုင်ဂျာတပ်မတော်က နိုင်ငံတော်အာဏာ ရယူ ခဲ့တာနဲ့    ပတ်သက်လို့     ရုရှားကြေးစားတပ်ဖွဲ့ ဝက်ဂနာ ခေါင်းဆောင် ပရီဂိုဇင်ကတော့ နိုင်ဂျာမှာ ဖြစ်ပျက်ခဲ့တာတွေက ကိုလိုနီနယ်ချဲ့သမားတွေနဲ့ နိုင်ဂျာ ပြည်သူတွေရဲ့ တိုက်ပွဲကလွဲလို့  တခြားဘာမှ မဟုတ်ပါဘူး၊  ဒါဟာလွတ်လပ်ရေး   ရယူနိုင်ခဲ့တာ ဖြစ်ပြီးတော့ ကိုလိုနီနယ်ချဲ့သမားတွေကို  ဖယ်ရှား လိုက်နိုင်တာဖြစ်တယ်လို့ သူရဲ့ တယ်လီဂရမ်ကနေ တစ်ဆင့် သတင်းစကားပါးခဲ့တယ်လို့လည်း သတင်း တွေမှာ ဖတ်ရပါတယ်။
နိုင်ဂျာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်ပေ မယ့်  ကမ္ဘာမှာအကြီးဆုံး  ယူရေနီယံသိုက် တချို့ ရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာမှ ကိုလိုနီ အုပ်စိုးသူဟောင်း ပြင်သစ်ထံကနေ  အပြည့်အဝ လွတ်လပ်ရေးရရှိခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ဟာ အရင်က ကိုလိုနီဟောင်းနိုင်ငံတွေအပေါ် နိုင်ငံရေး အရရော၊ စီးပွားရေးအရပါ    သြဇာလွှမ်းမိုးမှုတွေ ဆက်ရှိနေပါသေးတယ်။
ယူရေနီယံသတ္တု ထုတ်လုပ်မှု
နိုင်ဂျာတပ်မတော်က    အခုလို     နိုင်ငံတော် အာဏာ ရယူလိုက်တာနဲ့ ပတ်သက်လို့   နိုင်ဂျာကနေ ဥရောပကို ယူရေနီယံတင်ပို့နေမှုတွေအပေါ် အတား အဆီး ဖြစ်စေနိုင်ပြီး ပြင်သစ်နဲ့ အခြားနိုင်ငံတွေမှာ နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုကို ထိခိုက်စေနိုင် တယ်ဆိုတဲ့ စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း    ထွက်လာပါတယ်။    နိုင်ဂျာရဲ့ ပထမဆုံးစီးပွားဖြစ် ယူရေနီယံသတ္တု ထုတ်လုပ်မှုကို ၁၉၇၁ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ဂျာမှာ    ကမ္ဘာ့သတ္တုမိုင်းရဲ့   ၅ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်တဲ့ ထင်ရှားတဲ့  ယူရေနီယံမိုင်းတွင်း နှစ်ခု ရှိပါတယ်။     ပြင်သစ်နိုင်ငံဟာ   သူ့နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ၇၀ ရာခိုင်နှုန်းခန့်ကို နျူကလီးယား စွမ်းအင်ကနေ ရရှိနေတာ ဖြစ်ပါတယ်။ အခြားနိုင်ငံ တွေထက် နျူကလီးယားအသုံးပြုမှု  ပိုမိုများပြားပြီး ကမ္ဘာ့အကြီးဆုံး နျူကလီးယားစွမ်းအင် အသားတင် တင်ပို့တဲ့နိုင်ငံလည်း   ဖြစ်နေပြန်ပါတယ်။    အဲဒီလို တင်ပို့မှုကနေ တစ်နှစ်ကို ယူရို  ၃  ဘီလီယံကျော် ရရှိနေပါတယ်။ နိုင်ဂျာဟာ ပြင်သစ်ရဲ့နျူကလီးယား ဓာတ်အားပေး စက်ရုံတွေအတွက်    လိုအပ်နေတဲ့ ယူရေနီယံကို   ထောက်ပံ့ပေးနေတဲ့    နိုင်ငံလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ  နိုင်ဂျာတပ်မတော်က      နိုင်ငံတော် အာဏာရယူလိုက်တာကို   မှန်တယ်၊    မှားတယ် ဆိုတာကို အဓိက မဆွေးနွေးလိုပါဘူး။ ဒါပေမယ့် နိုင်ငံတိုင်းမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားတွေဆီမှာ အမှန်တကယ်    ရှိနေရဲ့လား ဆိုတာကို   နိုင်ဂျာနိုင်ငံဖြစ်စဉ်နဲ့   မြန်မာနိုင်ငံရေး ဖြစ်စဉ် တွေထဲက တချို့အကြောင်းအရာလေးတွေကို ဆက်စပ်စဉ်းစားစရာ ဖြစ်လာပါတယ်။ ကိုလိုနီပြုခဲ့ ဖူးတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ လက်အောက်ခံနိုင်ငံတွေ ကို မတတ်သာလို့ စွန့်လွှတ်ရပေမယ့် သူတို့အကျိုး စီးပွားအတွက်     ဆက်ပြီး   အသုံးတော်ခံနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့     ကြိုးစားနေကြတာ    တွေ့ရပါ တယ်။ ဒီနေ့   အင်အားကြီးနိုင်ငံ   အချို့ဟာလည်း သူတို့အကျိုးစီးပွားအတွက် နိုင်ငံငယ်တွေရဲ့ အတွင်း စည်းထဲကို နည်းမျိုးစုံ၊ ပုံသဏ္ဌာန်မျိုးစုံနဲ့ ထိုးဖောက် ဝင်ရောက်ပြီး လိုသလို  ပုံသွင်းနေကြတာတွေဟာ လယ်ပြင်မှာ ဆင်သွားသလို အထင်အရှား တွေ့နေရ ပါတယ်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ
နိုင်ဂျာတပ်မတော်က နိုင်ငံတော်အာဏာ  ရယူ လိုက်ချိန်မှာ ပြည်သူတချို့ဟာ   ပြင်သစ်သံရုံးဆီ အပြေးအလွှားသွားပြီး ဆန္ဒဖော်ထုတ်ကြပါတယ်။  သူတို့ရဲ့ ပြင်သစ်မုန်းတီးရေးစိတ်တွေကို ဖွင့်ထုတ် ကြတယ်။ ပြင်သစ်က နိုင်ဂျာရဲ့   အဆီအနှစ်တွေ ထုတ်ယူစားသုံးနေတာ ပြည်သူတွေ ကောင်းကောင်း သိနေကြတယ်။   မတတ်သာလို့   သည်းခံနေရပေမယ့် အခါအခွင့်ပေါ်လာတော့ သူတို့ဆန္ဒကို   ဖော်ထုတ် ကြတာပါပဲ။  လွတ်လပ်တဲ့    နိုင်ဂျာနိုင်ငံလို့   ဆိုပေ မယ့် သူတို့အချုပ်အခြာအာဏာ    သူတို့လက်ထဲမှာ မရှိတော့ဘူးလို့ခံစားနေကြရတယ်။ ကမ္ဘာ့အကြီးဆုံး ယူရေနီယံသိုက်ကြီးတချို့ရှိနေပေမယ့်    သူတို့ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံထဲမှာ ပါနေပြန်တယ်။
နိုင်ဂျာရဲ့အတွင်းစည်းထဲကို ပြင်သစ်က    ပုံစံ အမျိုးမျိုးနဲ့ ဘယ်လိုစိမ့်ဝင်နေမလဲ အတိအကျ မသိ နိုင်ပေမယ့် ခန့်မှန်းကြည့်လို့ရနိုင်ပါတယ်။ ဒါကြောင့် လည်း နိုင်ဂျာတပ်မတော်က  လုံခြုံရေးယိုယွင်းလာမှု နဲ့ လူမှုစီးပွား   ကျဆင်းလာမှုကို ကာကွယ်ဖို့  “to preserve our homeland in a context of a deteriorating security situation, and poor economic and social governance”  အတွက် နိုင်ငံတော်အာဏာကို ရယူခဲ့ရတာလို့  အတိအလင်း ထုတ်ပြန်ထားပါတယ်။
ကိုလိုနီပြုခံထားရတဲ့  အုပ်ချုပ်ရေးမျိုး
မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ အစိုးရလက်ထက် မှာ သြစတြေးလျနိုင်ငံသား   Sean    Turnell  ကို စီးပွားရေးအကြံပေးအဖြစ် ခန့်အပ်ခဲ့တာကို တွေ့ရ ပါတယ်။ အလွန်အရေးကြီးတဲ့ အချက်အလက်တွေ ကို သိခွင့်ရနေတဲ့နေရာလည်း ဖြစ်ပါတယ်။ ယခင် အစိုးရလက်ထက်က Sean Turnell အပါအဝင် နိုင်ငံခြားသားအကြံပေး ၉၀ ကျော် ခန့်အပ်ခဲ့တယ် ဆိုတဲ့    သတင်းတွေလည်း   ဖတ်ခဲ့ရပါတယ်။ သူ့ရဲ့ အင်တာဗျူးတွေ ကြည့်မယ်ဆိုရင် သူဟာ စီးပွားရေး မူဝါဒဆိုင်ရာ မြန်မာအစိုးရ အတိုင်ပင်ခံ၊ Myanmar Development Institute (MDI) အဖွဲ့ဝင်ဆိုပြီး ဖြေတာတွေ  ဖတ်ရပါတယ်။   အတိုင်ပင်ခံပဲဖြစ်ဖြစ်၊ အကြံပေးပဲဖြစ်ဖြစ် သူဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး နယ်ပယ်မှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပါဝင်ပတ်သက်သလိုမျိုး သြစတြေးလျအစိုးရကတောင်  သူ့ကို လက်ခံနိုင်မှာ မဟုတ်ဘူးဆိုတဲ့ မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦး ရဲ့ မှတ်ချက်ကို     နားထောင်ရဖူးပါတယ်။   Sean Turnell ပါဝင်တဲ့    Myanmar Development Institute (MDI) ဆိုတာ   နိုင်ငံတကာ   ဖွံ့ဖြိုးရေး အမေရိကန်အေဂျင်စီ(USAID)ကနေ   ထောက်ပံ့ ထားတဲ့အဖွဲ့ဖြစ်ပါတယ်။   မြန်မာနိုင်ငံအပေါ်မှာ လွှမ်းမိုးထားတဲ့ ကွန်ရက်ကြီးဟာ အတော်ကို ကြီးပါ တယ်။ Sean Turnell ဟာ   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြဲလိုလို အတူရှိနေတတ်သူ ဖြစ်ပါတယ်။ သူ့အနားမှာလည်း ဂျော့ဆိုးရော့စ်ရဲ့ Open Society နဲ့  National Endowment for Democracy (NED)ကလူတွေ ဝိုင်းရံနေကြပါတယ်။   အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက    မြန်မာ့နိုင်ငံရေး   ယန္တရားကို ထောင့်ပေါင်းစုံကနေ သွယ်ဝိုက်ပြီး    ထိန်းချုပ်ထား တာမျိုးလို့တောင်  ဆိုနိုင်ပါတယ်။   အဲဒီအချိန်က မြန်မာဆိုတာ  ရှေ့မှာ  မျက်နှာစာတစ်ခုသာ ရှိပြီး တော့ ကိုလိုနီပြုခံထားရတဲ့  အုပ်ချုပ်ရေးမျိုး ဖြစ်နေ တာမျိုးပါ။  


တရုတ်နိုင်ငံက    ရင်းနှီးမြှုပ်နှံထားတဲ့  ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိတဲ့   ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းမျိုးဆိုရင်   Sean    Turnell     အလွန် စိတ်ဝင်စားပါတယ်။ ဘာကြောင့် သူက ဒီလိုစီမံကိန်း မျိုးကို အထူးစိတ်ဝင်စားရသလဲဆိုတာ   ပထဝီနိုင်ငံ ရေးကို တစေ့တစောင်းလေ့လာဖူးသူတိုင်း အလွယ် သိနိုင်တဲ့ကိစ္စမျိုး ဖြစ်ပါတယ်။     မြန်မာပြည်သူတွေ        အုပ်ချုပ်နေတာမျိုးထက် တစ်ဆင့်ခံ  အုပ်ချုပ်နေတာ  မျိုးလို့တောင် ဆိုရမလို  ဖြစ်နေပါတယ်။
Sean Turnell ဟာ ၂၀၁၆ ခုနှစ်ကနေစပြီးတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းရဲ့ အထူး စီးပွားရေးအတိုင်ပင်ခံအနေနဲ့ ဆောင်ရွက်လာခဲ့တာ ဆိုတော့ ငါးနှစ်လောက် မြန်မာ့စီးပွားရေး  အချက် အလက်တွေကို ထိတွေ့မွှေနှောက်ခွင့်ရခဲ့သူ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝင်ငွေ အများဆုံး ရှာပေးနေတာ ဘယ်ကဏ္ဍကဆိုတာ သူက သိပါ တယ်။ မြန်မာ့စီးပွားရေးရဲ့ ဝင်ပေါက် ထွက်ပေါက် တွေ၊ Key sectors တွေကို သူက ကောင်းကောင်း သိနေသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘယ်ဘဏ် ကိုပိတ်ပါ၊ ဘာလုပ်ပါဆိုတာကို ဟိုပြည်ပြေးအစိုးရ ဆီကို အကြံပေးဆိုပြီး ဆရာကြီး     လုပ်နေတာ ဖြစ်ပါတယ်။
 ပြန်ကြည့်မယ်ဆိုရင် အဲဒီအချိန်က    မြန်မာ့ အချုပ်အခြာအာဏာဆိုတာ မြန်မာစစ်စစ်တွေရဲ့ လက်ထဲမှာ ရှိခဲ့ရဲ့လားဆိုတာ  မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။  စီးပွားရေးအကြံပေးဆိုသူ   Sean Turnell က  ဘယ်ရှုထောင့်ကနေ   စဉ်းစားမလဲ။ မြန်မာနိုင်ငံရဲ့  အမျိုးသားအကျိုးစီးပွားရှုထောင့် ကနေ စဉ်းစားပါ့မလား။  သူလည်း   သူ့နောက်မှာ လက်မည်းကြီးရှိနေသေးတာ မဟုတ်လား။     အဲဒီ အချိန်က  သူ့ကို စီးပွားရေးအကြံပေးခန့်ခဲ့သူတွေက သူ့ကို   တစ်လ     ဒေါ်လာတစ်သိန်းပေးထားရင် လက်မည်းကြီးက သူ့ကို   တစ်လ    ဒေါ်လာဆယ်သိန်း    ပေးနေကြမှာ မဟုတ်လား။   အဲဒီတော့    Sean Turnell ကလည်း ဘာကို အဓိကကြည့်ပြီး ဘယ်လို အကြံဉာဏ်တွေ ပေးနေမလဲဆိုတာ သာမန်စဉ်းစား ဉာဏ်ရှိသူတောင်  သိနေနိုင်တာပါပဲ။         ထီးကျိုးစည် ပေါက်ခြင်းရဲ့ အကျိုးဆက်တွေဟာ     နိုင်ငံတော်နဲ့    ပြည်သူတွေပဲ ခံစားကြရတာပဲ မဟုတ်ပါလား။
 အာဏာကို  မက်မောလို့ မဟုတ်ဘူး
ဒါကြောင့် တပ်မတော်က  နိုင်ငံတော်အာဏာကို ရယူတယ်ဆိုတိုင်း    အာဏာကို    မက်မောလို့ မဟုတ်ဘူးဆိုတာ ဒီနေ့  နိုင်ဂျာနိုင်ငံရေးဖြစ်စဉ်ကိုပဲကြည့်ကြည့်၊     မြန်မာ့နိုင်ငံရေး     ဖြစ်စဉ်ကိုပဲ ကြည့်ကြည့်သိနိုင်ပါတယ်။ ဒီနေ့ကမ္ဘာမှာ တစ်နိုင်ငံ တည်း   ထီးထီးနေလို့မရဘူးဆိုတာ      အရပ်ဘက် ခေါင်းဆောင်တွေရော၊ တပ်မတော်ခေါင်းဆောင်တွေ ရော သိကြပါတယ်။ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံ ရမယ်၊    အပြန်အလှန်    လေ့လာသင်ယူရမယ်၊ ကုန်သွယ်ရမယ်ဆိုတာလည်း      သိကြပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့် ကြွေးကြော်ခဲ့တဲ့    American  first ဆိုတာလိုပဲ အမျိုးသားအကျိုးစီးပွားနဲ့    ပတ်သက်လာရင် Myanmar First,   Niger   First ဆိုတာမျိုးက ဖြစ်နေရမှာပဲ မဟုတ်လား။ နိုင်ငံတော်လုံခြုံရေးလို့ဆိုရာမှာ နိုင်ငံသားများ  လုံခြုံရေး၊ စီးပွားရေးအရ လုံခြုံရေးနဲ့   အင်စတီကျူးရှင်းတွေ    လုံခြုံရေးအပါ အဝင်    အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် နေထိုင် နိုင်ရေးအတွက်    ကာကွယ်ရေးနဲ့   လုံခြုံရေးကို ဆောင်ရွက်တာဖြစ်တယ်လို့   အဓိပ္ပာယ်  ဖွင့်ဆိုကြ တာ ဖြစ်ပါတယ်။ တချို့ကလည်း  စွမ်းအင်လုံခြုံ ရေး၊ သတင်းအချက်အလက်   လုံခြုံရေးတွေလည်း ပါတယ်လို့  ဖွင့်ဆိုကြပါတယ်။      ဟိုတလောကပဲ အိန္ဒိယနိုင်ငံမှာ ပြည်ပကို ဆန်တင်ပို့မှု  ကန့်သတ် လိုက်တယ်ဆိုတဲ့  သတင်းတွေ  ဖတ်လိုက်ရတယ်။ အိန္ဒိယဝန်ကြီးချုပ်ကလည်း  အိန္ဒိယပြည်သူတွေဟာ ပထမဦးစားပေးပါလို့  ပြောသွားတာ မှတ်သားစရာပါ။
နိုင်ဂျာနိုင်ငံဖြစ်စဉ်ကို ကြည့်မယ်ဆိုရင်  နိုင်ဂျာ တပ်မတော်က    နိုင်ငံတော်အာဏာကို  ရယူလိုက် တယ်။ သမ္မတကို ထိန်းသိမ်းလိုက်တယ်။ အဲဒီအတွက် အနောက်နိုင်ငံတွေအပါအဝင် နိုင်ငံတချို့က    ပြစ်တင် ရှုတ်ချတယ်။    ဖမ်းဆီးထားသူတွေ  ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး   အာဏာပြန်အပ်ဖို့   ပြောတယ်။ နောက်ကွယ်ကိုကြည့်ရင်  အဲဒီလောက်  မရိုးရှင်းပါ ဘူး။      နိုင်ငံတော်ရဲ့      အချုပ်အခြာအာဏာကိစ္စ ဖြစ်တယ်။
အချုပ်အခြာအာဏာဆိုတာ အမျိုးသားအကျိုး စီးပွားကို    လိုလားတဲ့     နိုင်ငံသားစစ်စစ်တွေရဲ့ လက်ထဲမှာရှိနေဖို့ လိုအပ်ပါတယ်။    အချုပ်အခြာ အာဏာငါးနှစ်လောက်    ဆုံးရှုံးသွားတာတောင် ပေးဆပ်ရတဲ့ အရင်းအနှီးဟာ အဆမတန် ကြီးလွန်း ပါတယ်။  နိုင်ဂျာမှာရော    ဘယ်လောက်ကြာကြာ အချုပ်အခြာအာဏာ ဆုံးရှုံးသွားခဲ့ရတာလဲ။
အချုပ်အခြာအာဏာပိုင်နိုင်ငံ  တစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့က ပါဝင်ပတ်သက်ကြတဲ့  stakehol-ders တွေမှာ တာဝန်ရှိသလို    နိုင်ငံသားတစ်ဦး ချင်းစီမှာလည်း တာဝန်ရှိပါတယ်။      ။