နိုင်ဂျာနိုင်ငံ၌ နိုင်ငံတော်လုံခြုံရေးအခြေအနေ ဆက်တိုက်ယိုယွင်းလာမှုကို ကာကွယ်ရန် တပ်မတော်က အာဏာသိမ်း စီးပွားရေးပိတ်ဆို့မှုများကို ပယ်ချကြောင်း နိုင်ဂျာ အမိမြေကာကွယ်ရေး အမျိုးသားကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးကြေညာ

 

နီးယားမေ  သြဂုတ်  ၄ 


နိုင်ဂျာအစိုးရ၏ ညံ့ဖျင်းသည့်စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုများသည် နိုင်ငံတော်လုံခြုံရေး အခြေအနေကို ဆက်တိုက်ယိုယွင်းလာစေသောကြောင့် နိုင်ဂျာအစိုးရ၏ အုပ်ချုပ်မှုကို ရပ်စဲရန် ဆုံးဖြတ် လိုက်ကြောင်း အာဏာသိမ်းခေါင်းဆောင် အမိမြေကာကွယ်ရေးအမျိုးသားကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အက်ဒိုရာဟာမနီ တိုင်ယာနီက ပြောကြားလိုက်သည်။

နိုင်ဂျာတွင် သမ္မတကိုယ်ရံတော်တပ်ဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ်က  ရွေးကောက်တင်မြှောက်ထား သော သမ္မတမိုဟာမက် ဘဇွမ်းကို ဖြုတ်ချအာဏာ သိမ်းပြီးနောက်   ဗိုလ်ချုပ်ကြီး   အက်ဒိုရာဟာမနီ တိုင်ယာနီခေါင်းဆောင်သည့်    စစ်အစိုးရတစ်ရပ် ဖွဲ့စည်းလိုက်သည်။ 


ထိုအချိန်တွင်      ကိုလိုနီပြုအုပ်ချုပ်ခဲ့ဖူးသည့် ပြင်သစ်ကို   ဆန့်ကျင်သည့်   ဆန္ဒပြမှုများ   နိုင်ငံ အတွင်းဖြစ်ပွားခဲ့ပြီး        ဆန္ဒပြသူများကြောင့် ပြင်သစ်သံရုံးလည်း ပျက်စီးခဲ့သည်။ 


အာဖရိကတွင်လှုပ်ရှားလျက်ရှိသည့် ဝက်ဂ်နာ ရုရှားကြေးစားစစ်တပ်ခေါင်းဆောင် ယက်ဂါနီ ပရီဇင်က နိုင်ဂျာအာဏာသိမ်းမှုကို ချီးကျူးဂုဏ်ပြုခဲ့ သည်။ ယခုကဲ့သို့ အာဏာသိမ်းလိုက်ခြင်းက အမှန် တကယ်လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်ပြီး   ကိုလိုနီ နယ်ချဲ့သမားများကို ဖယ်ရှားလိုက်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ 


နိုင်ဂျာအာဏာသိမ်းမှု      ဖြစ်ပွားပြီးနောက် အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေးအသိုက် အဝန်း (အီကိုဝက်စ်) နှင့် အနောက်အာဖရိက စီးပွား ရေးနှင့်    ငွေကြေးသမဂ္ဂတို့က   ချမှတ်လိုက်သည့် စီးပွားရေးပိတ်ဆို့မှုများကို ပယ်ချကြောင်း နိုင်ဂျာ အမိမြေကာကွယ်ရေး    အမျိုးသားကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး    အက်ဒိုရာဟာမနီ    တိုင်ယာနီက ကြေညာခဲ့သည်။ တရားမျှတမှုမရှိသည့်  ဒဏ်ခတ် ပိတ်ဆို့မှုများသည် နိုင်ဂျာပြည်သူများကို အထိတ် တလန့်ဖြစ်စေကြောင်း ၎င်းက  ကြေညာချက်တွင် ဖော်ပြခဲ့သည်။ 


လွန်ခဲ့သည့်    သီတင်းပတ်က   အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်  နိုင်ဂျာနိုင်ငံအပေါ်   ချမှတ်ထား သည့် ပိတ်ဆို့အရေးယူမှုများကို ကန့်ကွက်သည့် အနေဖြင့် အမိမြေကာကွယ်ရေး အမျိုးသားကောင်စီ ထောက်ခံသူများသည်    ယမန်နေ့က    မြို့တော်    နီးယားမေ၌ စုဝေးဆန္ဒပြခဲ့ကြသည်။ ဆန္ဒဖော်ထုတ် ပွဲတွင်   “နိုင်ဂျာ၊  ရုရှား၊   မာလီနှင့်  ဘာကီနာဖာဆို နိုင်ငံများ အဓွန့်ရှည်ပါစေ” “ပြင်သစ်၊ အီကိုဝက်စ်နှင့် အီးယူတို့  ကျဆုံးပါစေ”  ဟု   ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်စွဲဆန္ဒပြခဲ့ကြသည်။ 


အာဏာသိမ်းခေါင်းဆောင်      ဗိုလ်ချုပ်ကြီး တိုင်ယာနီသည်   လေးနိုင်ငံဆိုင်ရာ    နိုင်ဂျာနိုင်ငံ သံတမန်များ၏ လုပ်ပိုင်ခွင့်များကို အဆုံးသတ်ရန် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ လေးနိုင်ငံမှာ ပြင်သစ်၊ အမေရိကန်၊ နိုင်ဂျီးရီးယား နှင့် တိုဂိုနိုင်ငံများဖြစ်သည်။ 


ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ၊ 
အာတီနယူးစ်