
အိုးစည်ဗုံမောင်းတို့ အချက်ကျကျ၊ အချိုးညီညီပေါင်းစပ်ထားတဲ့ မြန်မာနိုင်ငံသားတိုင်း ကြားဖူးနေကျ ရွှေအိုးစည်တေးသွားက ကမ်းစပ်မှာ ပျံ့လွင့်နေပါတယ်။ တရွေ့ရွေ့နဲ့ ကမ်းကို နီးကပ်လာတဲ့ သင်္ဘောကြီး သုံးစင်းကို မြင်တွေ့နေရပါတယ်။ သင်္ဘောကုန်းပတ်ပေါ်မှာတော့ အမိမြေကို ခြေချခွင့်ရကြသူတွေ စိတ်လှုပ်ရှားနေကြပါတယ်။ ကမ်းစပ်မှာလည်း ပြည်တော်ပြန်တွေအပြင် သွားရောက်ခေါ်ဆောင်၊ စောင့်ရှောက်ကူညီပေးကြတဲ့ တပ်မတော်သားတွေကို ပေးအပ်မယ့် အောင်ပွဲခံသပြေနုတွေနဲ့ အိုးစည်ဗုံမောင်းတွေနဲ့ ပြည်သူတွေက ကြိုဆိုနေကြပါပြီ။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက မလေးရှားနိုင်ငံမှာ ရောက်ရှိနေပြီး နေရပ်ပြန်ဖို့ အခက်အခဲတွေ့နေကြတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော်တို့ဟာ တပ်မတော် စစ်ရေယာဉ် (မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) နဲ့ စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ကို စီးနင်းရင်း ပြန်လည်ရောက်ရှိလာခဲ့တဲ့ မြင်ကွင်းတစ်ခုပဲ ဖြစ်ပါတယ်။
အားတက်ဖွယ် မျှော်လင့်ချက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေ တဲ့ကာလအတွင်းမှာ နိုင်ငံရပ်ခြားမှာ ကာလကြာ ရှည်စွာ ပိတ်မိ၊ ဒုက္ခခံနေရတဲ့ မြန်မာနိုင်ငံသား တွေအနေနဲ့ မိမိတို့မြန်မာနိုင်ငံသို့ ပြန်လာသင့် တဲ့အကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကို အမြန်ဆုံးခေါ်ဆောင်နိုင်ရေး စီမံဆောင်ရွက် သွားရမှာ ဖြစ်တယ်ဆိုတဲ့ လမ်းညွှန်မှာကြားချက် အတိုင်း ဆောင်ရွက်ခဲ့ခြင်းရဲ့ အောင်မြင်မှုတစ်ရပ် ဆိုရင်လည်း မမှားပါဘူး။ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၀၈၆ ဦးတို့ တပ်မတော်ရေယာဉ်တွေနဲ့ မလေးရှားနိုင်ငံ လူမွတ် ရေတပ်ဆိပ်ကမ်းကနေ ရန်ကုန်မြို့ အမှတ်(၃) ရေတပ်ဆိပ်ကမ်းဆီကို ပြန်လည်ခေါ်ဆောင်ပေး ခဲ့တာ ဖြစ်ပါတယ်။ လမ်းခရီးစဉ်တစ်လျှောက်မှာ လည်း လုံခြုံရေး၊ စားသောက်နေထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတို့ အပြည့်အဝတာဝန် ယူပေးခဲ့တဲ့အတွက် ပြည်ပရောက်မြန်မာများ အတွက် အားတက်ဖွယ် မျှော်လင့်ချက်လို့ဆိုရမှာ ဖြစ်ပါတယ်။
ယခုဆိုရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ရဲ့ သက်တမ်းဟာ တစ်လတာပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ တစ်လတာအတွင်းမှာ အထက်မှာ ဖော်ပြခဲ့တဲ့ ပြည်ပမှာ အခက်အခဲကြုံနေရပြီး ပြည်တော်ပြန်ခွင့်မရခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို အခက်အခဲအမျိုးမျိုးကြားကနေ အောင်အောင် မြင်မြင်နဲ့ ခေါ်ယူနိုင်ခဲ့တာအပြင် များပြားလှတဲ့ နိုင်ငံတော်အတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး လိုအပ်ချက်များ၊ ပြည်သူများရဲ့ အခက်အခဲများစွာ ကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီနေရာ မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖြတ်သန်းမှု တစ်လတာအတွင်း ဆောင်ရွက်ချက်တွေ၊ ကြိုးပမ်း မှုတွေနဲ့ ပြည်သူ့အတွက် လုပ်ငန်းဖော်ဆောင်မှုတွေ ကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
အမိန့်တစ်ရပ်ကို ထုတ်ပြန်
နိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေက ဖေဖော်ဝါရီလ ၁ ရက် နေ့စွဲနဲ့ အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်ဟာ နိုင်ငံတော် သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့် တစ်ရပ်ဖြစ်ပြီး အပြည့်အစုံကတော့ - (၁) ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာ ကွာခြားမှုများရှိနေသဖြင့် ဖြေရှင်းဆောင်ရွက် ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ပါသည်။ (၂ )နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည် ဖြစ်သော်လည်း ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆိုးရွားစွာ လွဲမှားနေသည့် မဲစာရင်းများဖြစ်ခဲ့သဖြင့် ဒီမို ကရေစီစနစ်ခိုင်မာစေရေးနှင့် ပြည်သူ့ထံမှ အချုပ် အခြာအာဏာ ဆင်းသက်ရမည်ဆိုသည့်အချက်နှင့် ဆန့်ကျင်နေပါသည်။ (၃) မဲစာရင်းပြဿနာများကို ဖြေရှင်းရန် ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှု မပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုအပေါ် ရွှေ့ဆိုင်းပေးခြင်းမရှိသည့် အပြင် ပြည်သူ့လွှတ်တော်အစည်းအဝေး အစီ အစဉ်များထုတ်ပြန်ကာ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မ နည်းဖြင့်ရယူရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါ သည်။ ၎င်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် မြန်မာ နိုင်ငံ၏ မြို့/ဒေသအသီးသီးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်သဖြင့် ဆန္ဒ ပြမှုများ များစွာဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကလည်း ထောက်ခံ ပွဲ အလံလွှင့်ထူခြင်းများအပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်း တွေ့ရသဖြင့် နိုင်ငံတော် တည်ငြိမ်မှုကို များစွာ ထိခိုက်စေလျက်ရှိသည်။ (၄) အဆိုပါပြဿနာများကို မှန်ကန်စွာဖြေရှင်းခြင်း မပြုပါက နိုင်ငံတော်၏ဒီမိုကရေစီ လျှောက်လှမ်းမှု တွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်ပါသဖြင့် ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ (၅)မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်း အပါ အဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှု များပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က)အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးလိုက်သည်။ (၆) အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်ဝှမ်းဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၇ အရ ဤအမိန့်ထုတ်ပြန် သည့်နေ့မှစ၍ တစ်နှစ်သတ်မှတ်လိုက်သည်ဟူ၍ ဖော်ပြပါရှိပါတယ်။
ကြေညာချက်ထုတ်ပြန်ခဲ့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ကလည်း ကြေညာချက်အမှတ် (၁/၂၀၂၁) ကို ယင်းနေ့မှာပင် စတင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ပါရှိတဲ့ ရှေ့ဆက်သွားမယ့် ဆောင်ရွက်ချက် ငါးချက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် Road Map လမ်းပြမြေပုံပဲ ဖြစ်ပါတယ်။ အဲဒီကြေညာချက်အတွင်းမှာ - (၁) ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာ ကွာခြားမှုများရှိနေ သဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ပါသည်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးအားခေါ်ယူ၍ ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း ဆောင်ရွက်ရန် ဆက်လက် ပျက်ကွက်ခဲ့သည်။ နိုင်ငံတော်သမ္မတအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူဖြေရှင်းပေးရန် နှစ်ကြိမ် တင်ပြခဲ့သော်လည်း ငြင်းပယ်ခဲ့ပါသည်။ (၂) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်။ (၃) လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်- ၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက်ဆက်လက် ဆောင်ရွက်သွားမည်။ (၄) ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစား သွားမည်။ (၅) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီ ချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်။ (၆) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံချိန်စံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်ဟူ၍ ဖော်ပြပါရှိပါတယ်။
အတိအလင်းပြောကြား
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာလျက် နိုင်ငံတော်ရဲ့ တာဝန်အရပ် ရပ်အား ယာယီသမ္မတထံက လွှဲပြောင်းတာဝန်ပေး ထားတဲ့ ယနေ့မှစ၍ ဆောင်ရွက်မှာဖြစ်တဲ့ အကြောင်း၊ နိုင်ငံတော်တာဝန်ဆောင်ရွက်ခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်း ချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန် ခြင်းမရှိသော တည်ဆဲဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်သွားမယ်ဆိုတာကို အတိအလင်း ပြောကြားခဲ့ပါတယ်။
တာဝန်များ အပ်နှင်း
ဖေဖော်ဝါရီလ ၂ ရက်နေ့မှာတော့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီကို တပ်မတော်တာဝန်ရှိသူများနဲ့အတူ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို တပ်မတော်နှင့်အတူ ထမ်းရွက်ကြမယ့် အရပ်သား ပုဂ္ဂိုလ်များပါဝင်လျက် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ထို့အတူ ထိုနေ့ရက်တွေမှာပဲ အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးပိုင်းဆိုင်ရာများ ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများကို တိုင်းပြည်အတွက် အမှန် တကယ် ဆောင်ရွက်ပေးနိုင်မယ့် အတွေ့အကြုံ ရင့်ကျက်ပြီး အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်များကို စတင်ရွေးချယ် ခန့်အပ်ခဲ့ပါတယ်။ ထို့နောက်မှာ တော့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အစရှိသည့် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များနဲ့ နိုင်ငံ တော်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေး မယ့် ဌာနဆိုင်ရာအကြီးအကဲများကိုလည်း ခန့်အပ် ခဲ့ပြီး တာဝန်များ အပ်နှင်းခဲ့ပါတယ်။
ထို့အတူ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေဖို့ တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကိုလည်း အဖွဲ့ဝင်ခုနစ်ဦးတို့ ဖြင့် ပြန်လည်ဖြည့်စွက်ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး အတွက် ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက် လျက်ရှိနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ယင်း ဦးတည်ချက်တွေမှာ နိုင်ငံရေးဦးတည်ချက် သုံးရပ်၊ စီးပွားရေးဦးတည်ချက် သုံးရပ်နဲ့ လူမှုရေး ဦးတည်ချက် သုံးရပ်တို့ပါရှိပါတယ်။
နိုင်ငံရေး
(က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊
(ခ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထား လုပ်ဆောင်ရေး၊
(ဂ) လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး “မူ” ကို ဆက်လက်လိုက်နာကျင့်သုံးရေး၊
စီးပွားရေး
(က) စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး၊
(ခ) ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊
(ဂ) ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေး ကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ် နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး၊
လူမှုရေး
(က) စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊
(ခ) တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊
(ဂ) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး စတဲ့ ဦးတည်ချက်တွေ ထားရှိဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
နိုင်ငံရေးဦးတည်ချက်များနှင့်ပတ်သက်၍
ဆောင်ရွက်မှုများ
ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏အခြေအနေ အရပ်ရပ်အား ပြည်သူလူထုကို မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်သူကို ပြောကြားတဲ့မိန့်ခွန်းမှာ “ကျွန်တော်တို့ အနေနဲ့ နိုင်ငံတော်ကို ခေတ္တထိန်းသိမ်းပေးထားတဲ့ကာလအတွင်းမှာ နိုင်ငံခြားရေးမူဝါဒ၊ အုပ်ချုပ် ရေးနဲ့ ပတ်သက်တဲ့မူဝါဒ၊ စီးပွားရေးနဲ့ပတ်သက်တဲ့ မူဝါဒများ လုံးဝပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ လက်ရှိသွားနေတဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတိုင်း မပြောင်းလဲဘဲ ဆက်လက်တည်ရှိပါမယ်။ ကမ္ဘာ့နိုင်ငံတိုင်းနဲ့ နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံ ရေးကို ရှေးရှုသွားမှာဖြစ်ပါတယ်”ဟု အလေး အနက် ထည့်သွင်းပြောကြားထားခဲ့ပါတယ်။
တိုင်းပြည်တည်ငြိမ်အေးချမ်းခြင်းနှင့် တရား ဥပဒေစိုးမိုးခြင်း၊ ပြည်သူများအေးချမ်းစွာနေထိုင် ခြင်းကို ပျက်စီးစေမည့်လုပ်ရပ်များ မဖြစ်ပွားစေ ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ အပါ အဝင် တိုင်းဒေသကြီးနှင့် မြို့နယ်များတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ အမိန့် တစ်ရပ်ကို ဖေဖော်ဝါရီလ ၈ ရက်တွင် စတင် ထုတ်ပြန်ခဲ့ပြီး ပြည်သူများ ငြိမ်းချမ်းစွာနေထိုင် နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။
လူမှုစီးပွားဘဝများတိုးတက်လာစေရေး
ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့အခမ်းအနားမှာလည်း နိုင်ငံတော်
စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သဝဏ်လွှာ ပေးပို့ကာ တိုင်းရင်းသားပြည်သူများ အားလုံး လက်တွဲညီညွတ်စွာဖြင့် ပြည်ထောင်စုကြီး မပြိုကွဲ စေရန်နှင့် ကပ်ရောဂါကာလအတွင်း ဖြစ်စေကာမူ တိုင်းရင်းသားပြည်သူများ၏ လူမှု စီးပွားဘဝများ ထိခိုက်နစ်နာမှုလျော့ပါးစေရန်၊ ကပ်ရောဂါအလွန် ကာလများတွင်လည်း တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ အလျင်အမြန် ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် အတူတကွ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏အခြေအနေ အရပ်ရပ်ကို ပြည်သူလူထုထံ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ ပြည်သူလူထုအပေါ် စေတနာထားကာ နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် လုပ်ကိုင်ပေးလျက်ရှိတဲ့ နိုင်ငံ့ဝန်ထမ်းများ စိတ်အေးချမ်းသာစွာ အလုပ်လုပ်ကိုင်နိုင်ရန် အတွက် အစီအမံများကို ထည့်သွင်းပြောကြားခဲ့ ပါတယ်။
ယခုနှစ် ပြည်ထောင်စုနေ့၌ နိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူများကလည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲ ပေးရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထား မှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၂၃၃၁၄ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၅ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်ပြုပေးခဲ့ပါတယ်။
နိုင်ငံတကာနှင့် ဆက်ဆံရေး
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေ အနေများနဲ့ စပ်လျဉ်းသည့် အကြောင်းအရာများနှင့် ရှေ့ဆက်လျှောက်လှမ်းမည့် လုပ်ငန်းစဉ်များ၊နိုင်ငံခြားရေးမူဝါဒများကိုလည်း ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူအားလည်းကောင်း၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က မြန်မာနိုင်ငံအခြေစိုက် ပြည်ပ သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ အကြီးအကဲများအား လည်းကောင်း ဗီဒီယို ကွန်ဖရင့်ဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပါတယ်။ ထို့အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဘရူနိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့် ဗီဒီယိုကွန်ဖရင့်ဖြင့် နှစ်နိုင်ငံတပ်မတော်တို့ ကိုဗစ်အလွန်ကာလများတွင် သင်တန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါတယ်။
(ဆက်လက်ဖော်ပြပါမည်)