တရားမဝင်လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇူလိုင်    ၂၉


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး     ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ  တားဆီးအရေးယူ နိုင်ရေး    ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၆ ရက်တွင် ပဲခူးတိုင်းဒေသ ကြီး  တရားမဝင်    ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ က  မန္တလေး - ရန်ကုန် ကုန်သွယ်မှု        လမ်းမကြီးတစ်လျှောက်  အခွန် ပေးဆောင်ထားသည့် ကုန်ပစ္စည်း များထက် ပိုမိုတင်ဆောင်လာနိုင် ကြောင်း   သတင်းအရ   အင်း တကော်မြို့နယ်     ရွှေလီဆီဆိုင် အနီး၌    စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာ  လွှာတွင် ကြေညာထားခြင်းမရှိသည့် 100% Polyester Fabric  ၂၂၃၀ ကီလိုဂရမ်အပါအဝင်  ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၁၀၇၇၃)    နှင့်    အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀) စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၆၁၀၇၇၃ ကို  ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။


ထို့အပြင် ဇူလိုင် ၂၇ ရက်တွင် ကရင်ပြည် နယ်   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျ ပူးပေါင်းအဖွဲ့က  ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   မြဝတီမြို့မှ   ကျုံဒိုးမြို့သို့ မောင်းနှင်လာသော  မော်တော်ယာဉ်တစ်စီး ပေါ်မှ တရားဝင်စာရွက်စာတမ်း  အထောက် အထား    တင်ပြနိုင်ခြင်းမရှိသည့်   Smart Softener အထုပ် ၁၂၀၀၊ Golden Mountain  Oyster Source   ပုလင်း  ၉၆၀ အပါအဝင်  ကုန်ပစ္စည်းလေးမျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၂၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Toyota Hiace Mini Bus တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၂၂၅၀၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး     အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။ 


ထို့အတူ ဇူလိုင် ၂၇ ရက်တွင် အကောက် ခွန်ဦးစီးဌာန၏   စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျ အကောက်ခွန်အဖွဲ့က    ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်      လေဆိပ်(သွင်းကုန်)၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဝန်စည်တစ်ခု အတွင်းမှ Personal Effect နှင့် အကျုံးဝင် ကိုက်ညီမှန်ကန်မှုမရှိသည့်  Clasp Sample တစ်ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။


ထပ်မံ၍ ဇူလိုင် ၂၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က    မြဝတီ-ဘားအံ-ရန်ကုန် ကုန်သွယ်မှုလမ်းမကြီးတစ်လျှောက်  အခွန် ပေးဆောင်ထားသည့်   ကုန်ပစ္စည်းများထက် ပိုမိုတင်ဆောင်လာနိုင်ကြောင်း  သတင်းအရ အင်းတိုင်စစ်ဆေးရေးဂိတ်အနီး၌  စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီး ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားသည်ထက်  ပိုမိုပါရှိလာသည့်  Sun Sir-  Sewing   Machine  အခု  ၁၀၀  အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၆၃၄၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်  လာသည့် Nissan Diesel Tractor Head တစ်စီးနှင့်   နောက်တွဲယာဉ်တစ်တွဲ  (ခန့်မှန်း တန်ဖိုးငွေကျပ်   ၆၅၀၀၀၀၀၀)   စုစုပေါင်း   ခန့်မှန်းတန်ဖိုးငွေကျပ်   ၉၁၃၄၂၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး      အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ  အရေးယူဆောင်ရွက် လျက်ရှိသည်။


၎င်းအပြင်    ဇူလိုင် ၂၇ ရက်တွင်   ကချင် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ တနိုင်းမြို့ဝင်  စုပေါင်းဂိတ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင် ခြင်းမရှိသည့်   လိုင်စင်မဲ့   Toyota Hiace မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀)ကိုလည်းကောင်း၊ မိုးညှင်းမြို့အဝင်  မြို့ရှောင်လမ်းဆုံ  ပြည်ထောင်စုလမ်းမကြီး အနီး၌ လိုင်စင်မဲ့ Toyota Voxy မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)နှင့် Honda Insight မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကို လည်း  ကောင်း   စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၅၀၀၀၀၀   ကို    ဖမ်းဆီးရမိခဲ့ပြီး   ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။


သို့ဖြစ်ပါ၍ ဇူလိုင် ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု   ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၉၇၁၉၇၇၃ ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်